Tuesday, July 30, 2013

မင်းဟာ ငါ့ဘ၀အတွက် ခလုတ်ကန်သင်းတခု မဖြစ်ခဲ့ပါဘူး လောကဓံ-----

 

လာစမ်းဟဲ့ လောကဓံ
ခပ်ကြမ်းကြမ်းလေး ရိုက်နှက် ဆုံးမလိုက်မယ်
လောကဓံ
လောက ရဲ့  ဒဏ်
ထုသား ပေသားကျနေတဲ့ ဘဝ
လာရိုက်ပုတ် တဲ့ လောကဓံ
ငါ့အတွက် အယားပြေ
မျှော့ သွေး စုပ် နေသလောက်ပဲ
နာ နာရိုက်စမ်းဟဲ့ လောကဓံ
အိုးများတောင်
ရိုက်ချက်များမှ မာ သတဲ့
ငါဟာ ငါးဖယ် တကောင်လို
အရိုက်ခံ ရလေ မာကျောလေပဲ
ငါလိုချင်တဲ့ ပန်းတိုင်ရောက်ဖို့
မင်း ရိုက်ချက်တွေဟာ
ငါ့အတွက်တော့ လှေကားတထစ်ပဲ
မင်းသိထားစမ်း လောကဓံ
မင်းပေးလာတဲ့ ဒဏ်တွေဟာ
ငါမောပန်းတဲ့ အခါ သောက်ဖို့ ရေချမ်းတခွက် ပဲ ဖြစ်တယ်
ငါပင်ပန်းတဲ့ အခါ နမ်းရှိုက်ဖို့ ပန်းတပွင့်ပဲ ဖြစ်တယ်
ငါ အားကုန်ခမ်းတဲ့အခါ သောက်ဖို့ ဆေးတခွက်ပဲ ဖြစ်တယ်
မင်းဟာ ငါ့ဘ၀အတွက်
ခလုတ်ကန်သင်းတခု မဖြစ်ခဲ့ပါဘူး လောကဓံ။                    ။


                                                 Thaepon


 

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ