Friday, January 31, 2014

1.2.2014 (Happy Birthday)


 


 1.2.2014 (Happy Birthday)

 နေ၀င်သွားပြီ
နေထွက်လာပြီ
အကြောင်းအရာနှစ်ခုကြားမှာ
စည်းနဲ့ဝါး က အသက်မ၀င်ဘူး
ကန့်လန့်ကာ ပါးပါးလေး ဖွင့်လိုက်ပြီ
ဟော ဘ၀တွေ က ခုန်နေကြပြီလေ

နွေနံ့သင်းတဲ့ ဆောင်းနှောင်းရက်တွေ
လွန်ခဲ့သော အတိတ်ကို သတိရတာလား
လေအဝှေ့ မှာ ရော်ရွက်ကြွေတိုင်း
မြတ်နိုးစွာ ငေးကြည့်နေချင်တယ်

ဆောင်းရိပ်မကုန်သေးတဲ့ ဒီလိုညမှာ
"သက်ဝေ" ကို တိုးတိုးလေး ညဉ်းရင်း
ကြယ်တွေနဲ့ ကောင်းကင်ကို ငေးကြည့်ချင်တယ်

ဒီည ကြယ်တွေစုံတယ်
ငါးကြင်းကွက် တိမ်တွေနဲ့အတူ
 လ က ထီးဆောင်းပြီး လမ်းသလား တယ် ။






                                                    Thaepon



Thursday, January 23, 2014

မာယာ

 

ပစ္စလက်ခတ် ပြိုကျလာတဲ့
ကောင်းကင်တော် ချစ်ခြင်း
မျက်လွှာတစင်း နဲ့ ငါ့ ကိုဆွဲဆောင်တယ်
အသည်းခိုက်မတတ် ချစ်ခြင်းတွေနဲ့
ရင်တခွင်လုံး ပြိုဆင်းကျလာပေါ့ -----

မာယာ
မင်း သိပ် တတ်နိုင်လွန်းတယ်
ပလီပလာ ချစ်ခြင်းတွေနဲ့
မညီညာခြင်းတွေက စစ်ခင်းနေကြပြီ
စလျှောက်တည်းက ဝေးခဲ့တဲ့ခရီး
နေတမွန်းတည့်တာတောင်
ငါ့ခြေ တလှမ်း မရွေ့ဘူး
မသွားမီက ရောက်နှင့်မနေပဲနဲ့
မရောက်ခင်တည်းက ငါ မသွားတော့ဘူး
အဲ့ဒီလမ်း ငါရွေးရင် မှားမယ်မှန်း ငါသိတယ် --------

သိခြင်း မသိခြင်း နယ်ပယ်နှစ်ခုမှာ
ကျွံ့ထွက်နေတဲ့ စိတ်ဓါတ်တွေ
ခပ်ထက်ထက် အရာဝတ္ထု နဲ့ ဖြတ်ခြင်း ခံလိုက်ရတယ်
ခပ်တုံးတုံး အတွေးတိမ်တိမ် နဲ့
ဖြစ်သလို နေဖြစ်နေတဲ့ လောကထဲ
မာယာ
မင်း ကရော ဘယ်လို နေထိုင်သလဲ
တ တူတူ အချက်ပေးသံတွေ ကြားထဲမှာ
ငါတို့ နှလုံးသားတွေလည်း ဥသြဆွဲ နေပြီ ။

အချိုးအစား မညီ ပေါင်းစပ်ထားတဲ့
ဘ၀ ကန် ထဲမှာ
မင့် အချိုး ငါ့ အချိုး
ဘယ်လောက်ကျ မလဲ မာယာ
မင်းတွေးသလောက် မရိုးစင်းတဲ့
ဒီလောက က မရိုးသားခြင်းတွေ ဦးဆောင်တယ်
အမျိုးမျိုးသော ပြောင်းလဲခြင်းတွေကြား
ငါ နဲ့ မင်း နေသားတကျ ဖြစ်ဖို့
ကြိုးစားရဦးမယ် မာယာ ။

အပ်ထားတဲ့ ကတိတွေ ပြန်မရွေးနိုင်ခဲ့တော့
တခါတလေ မှာ လောကကြီးဟာ
နည်းနည်းမှ သက်သောင့်သက်သာ မဖြစ်စေခဲ့ဘူး
ပုပ်သိုးတဲ့ စိတ်ဓာတ် အကြွင်းကျန်တွေနဲ့
နောက်နှစ်ပေါင်း များစွာကို ကျော်ဖြတ်ရဦးမယ်
အချိန်တွေ နောက် လိုက်နေသလား
အချိန်တွေ နဲ့ လိုက်နေသလား
အချိန်တွေက လိုက်နေသလား
ငါ မသိတဲ့ ခြားနားခြင်းတွေထဲမှာ
ချစ်ခြင်း ၀ိသေသ ပါဝင်နေတယ် မာယာ ။

မချောမွေ့တဲ့ ဘ၀လမ်းထဲ
မာယာ
မင်း နဲ့ ငါလျှောက်မယ့် လမ်းတလမ်းကတော့
အဆင်ပြေကောင်းပါရဲ့ ။







                                                  Thaepon





ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ