Wednesday, April 2, 2014

အတု

 


ဒါဟာ ပြဇာတ်တပုဒ်မဟုတ်ဘူး
ငါတို့ကလည်း ပြဇာတ်ထဲက ဇာတ်ဆောင်တွေ မဟုတ်သလို
နာရီပိုင်းအတွင်းမှာ ပြီးဆုံးသွားမယ့် ဇာတ်လမ်းလည်း မဟုတ်ဘူး
တချက်ချက် မြည်နေတဲ့ နာရီတလုံးထဲမှာ ဘ၀တခု တည်ဆောက်ထားရတယ်
တနေ့တနေ့ အချိန် ဆိုတဲ့ သံသရာထဲမှာ ခံစားမှုတွေတောင် အသက်ငင်နေသလိုလို

အဖြူရောင်ဆိုတာ ဆွဲဆောင်မှုအရှိဆုံးဆိုတာကိုမေ့လို့
အရောင်အမျိုးမျိုးဆိုးဖို့ ငါတို့ကြိုးစားကြတယ်
စက္ကန့်နဲ့အမျှ ဆေးဆိုးပန်းရိုက် ဘ၀တွေအတွက် ကြိုးစားကြတယ်
တောက်ပသထက် တောက်ပ လို့ အရောင်စုံဘ၀ကြီး အသက်ဝင်လာတယ်
ကဲ ရဲရင့်ခြင်းအတွက် အနီ တ စ ထပ်ခြယ်ကြစို့

ပန်းတွေပွင့်တယ် အချိန်အခါ မဟုတ်ပဲ ပန်းတွေပွင့်တယ်
အသီးတွေသီးတယ် အချိန်အခါ မဟုတ်ပဲ အသီးတွေ သီးတယ်
ဓါတ်မြေသြဇာကြောင့်ဆိုပါလား
ဒီလိုဓါတ်မြေသြဇာနဲ့ဆို ဘ၀တွေတောင် လှပသွားမလား??????
ကမ္ဘာတခြမ်း စိမ်းလန်းချိန်မှာ အခြားဘက်ခြမ်းမှာ စစ်တွေဖြစ်လို့

ဝတ်လစ်စလစ်နဲ့ ကောင်းကင်
အပြာ တ စ အဖြူ တ စ---------
တိမ်အခင်းအကျင်းနဲ့ ပုံလွှာအမျိုးမျိုးပြောင်းတယ်
ရှိနေတာလား ရှိခဲ့တာလား
ပုံရိပ်ယောင်တွေ ကြားမှာ နေတစင်း အရှင်လတ်လတ် ၀င်းပ တယ်။          ။

Thaepon

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ