Monday, March 24, 2014

အိပ်မက်




အသိစိတ်ထဲ
အလင်းသဲ့သဲ့ ၀င်လာချိန်
အသံတချို့ နဲ့ နိုးထလာခဲ့
ဒုက္ခ ရဲ့ အစလား
သုခ နဲ့ ဘ၀ လား
ဆေးလိပ်တတိုနဲ့ မျက်နှာသစ်ရင်း
ညက ဘာများ မက်ခဲ့ပါလိမ့်
ဖြစ်ချင်တာတွေလား
ဖြစ်သင့်တာတွေလား
ပြန့်ကျဲနေတဲ့ အတွေးတွေ နဲ့
မရေရာ ငေးနေရင်း
အချိန်ခါ မဟုတ် ပန်းတွေပွင့်တဲ့
အိပ်မက် ကို သတိတရ -------

ဒါဟာ ပြဇာတ်မဟုတ်ဘူး
အချိန်ခါ ကြည့်စရာမလိုဘူး
နာရီတိုက်စရာ မလိုဘူး
ဖြစ်ချင်တာတွေ ဖြစ်လို့ရသလို
အစီစဉ်ကျစရာလည်း မလိုဘူး ။






                                                Thaepon

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ