Home
Showing posts with label
မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ
.
Show all posts
Showing posts with label
မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ
.
Show all posts
Friday, October 4, 2013
ဆွေး
ဆွေး
သံယောဇဉ် အမျှင်တန်းကို
ရှင်ခန်းဘယ်သူဖြတ်နိုင်ပါ့
ပူတတ်သူ တစ်သက်လွမ်းေ၇ာ့ လို့ 
လက်ကမ်းက ဝေဒနာမျှချင်လည်း
ဘ၀နွေ အနုသယတောမှာ
သမုဒ်ဒယအမော တစ်ဇာတ်သိမ်းအောင်
(အခုတော့ …)ခပ်စိမ်းစိမ်းနေပါ့မယ်.
မောင်စိန်ဝင်း(ပုတီးကုန်း)
သောကခြေရာ
သောကခြေရာ
တစ်သက်တာ ထာဝရ၊
တစ်မျက်နှာသာ တစ်ဘဝလို့ထင်ပါတယ် … ။
သူမေ့စေတော့ရယ်လို့၊
...
မတွေ့အောင် တမင်ထိန်း၊
ခပ်စိမ်းစိမ်း နေပါမယ် … ။
တစ်နေ့တစ်ရက်တောင်မှ၊
အတွေ့ခက်လျှင် ဘယ်လိုမျှော်လို့၊
ဘယ်လိုနော် ရင်မှာရှိလေမလဲ၊
သူသိမယ်ထင် ထင်ရဲ့၊
ခင်ခင်ရယ် သည်ရင်ကျွမ်းပြီပေါ့၊
အလွမ်းဆုံး နေ့တွေရယ်၊
မေ့နေမယ်လို့ ထင်သလား … ။
အနေဝေးပေမယ့်၊
အတွေးမှာ နှစ်ကိုယ်ဆုံရဲ့၊
ဘယ်လိုပုံ ဘယ်လိုလွမ်းတယ်ကွယ့်ရယ်လို့၊
ဖွဲ့နွဲ့ကာ သောကဇာတ်ကိုလည်း၊
ပြောပြတတ်လျှင် သူငိုချင်မလား၊
ငြိုငြင်လျှင် ကိုယ့်အပြစ်ပါပဲ၊
သိပ်ချစ်သူ သူစိမ်းရုပ်နဲ့၊
ထိမ်းချုပ်စေသား။ ။
--------------------
မောင်စိန်ဝင်း (ပုတီးကုန်း)
Wednesday, August 21, 2013
လှိုင်းရိုက်လှေလူး
“လှိုင်းရိုက်လှေလူး”
ဘ၀မြစ်တစ်စင်းရဲ့
ချစ်ခြင်းဆိုတဲ့လှေပေါ်မှာ
လှိုင်းအထောင် သောင်အငြိ
ယောင်တိယောင်ချာ။
လှေပျက်ပြီလို့ရွှေမျက်ရည်စို့တုန်ရီကာ
ယုံကြည်စွာဖြင့်လိုက်ဝံ့ဘူး
ကမ်းမမြင်ပန်းအ၀င်
တကယ်ခက်ပြီမို့
လက်တွဲဖော်ပြန်မရပြီလား
သံသယနဲ့အပြစ်တွေတင်
မြစ်ရေပြင်မှိုင်းအတိုက်မှာ
အချစ်ရေ . . .
လှိုင်းရိုက်လှေလူး။
မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့လှိုင်းရိုက်လှေလူးဝတ္ထုမှကောက်နုတ်ဖော်ပြပါသည်။
လွမ်းရဲတယ်
လွမ်းရဲတယ်
~~~~~~~~
သူမေ့ပြီလား---
လူတွေ့ရန်မဆိုထားနဲ့
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ............
သြော်----------မုန်းရက်ပြီလို့ထင်။
ကြားယောင်ကာ
နားထောင်ရတော့မလားရယ်နဲ့
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့
(သူပြောလျှင်) ........
ပုံပြင်ပင် တကယ်မှတ်ပြန်တော့
မလည်ပတ်သူလို သူငြိုငြင်။
မလွမ်းတတ်လို့လား
လွမ်းတတ်သူ မပူရှိနိုင်ပါ့
သူသိအောင်ဘယ်လိုပြောရမလဲ
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်
မောင်မို့လို့ သူစိမ်းပြင်ပြင်
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်
မောင်စိမ်းပေမယ့်
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့
အပူဇာတ်ကို အခန်းဆက်နေတဲ့
ပန်းသက်သေ ဝေဒနာပွင့်တွေက
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့
မောင့်လို ဘယ်သူခွဲနိုင်မလဲ
ပူရဲတယ် သည်ရင်ကျွမ်းအောင်
လွမ်းတော့ဆယ်သက်။
မောင်စိန်ဝင်း (ပုတီးကုန်း
ကစားစရာ ထင်ပါသလား
ကစားစရာ ထင်ပါသလား
~~~~~~~~~~~~~~
ခဏကလေးဆိုပြီး
ခရီးဝေးထွက်သွားသူ...။
အဖော်ဆိုပြီး
ထီးတည်းထားခဲ့သူ ...။
ပျားရည်တစ်စက်နင့်
ဝမ်းပျက်စေခဲ့သူ ...။
တကယ့်တကယ် တွယ်တာသနား
လားလားမဟုတ် ထိလှုပ်နှိုးခတ်
လမ်းကြုံဖြတ်ရုံ
မုတ်သုံမ၀င် မုန်တိုင်းဆင်ဆဲ
ဖွဲဖွဲစွေရွာ ရာသီဆိုးထဲက
ယာယီမိုးကလေး တစ်ခုပါပဲ...။
မောင်စိန်ဝင်း(ပုတီးကုန်း)
အချစ်ကဗျာ တစ်ပုဒ်
အချစ်ကဗျာတစ်ပုဒ်
တွယ်တာလှပေမဲ့
ကွယ်ရာကဘဲချစ်တော့မယ်
အဆင်ခက်လေတော့
မကြင်ရက်တယ်သခင်ဆိုမလား
နေညိုရင်ကိုယ့်အပြစ်ပါဘဲ
စိတ်ညစ်တယ်ကွယ်။ ။
သံယောဇဉ်ခွေကာရစ်ပေမဲ့
ပြန်ပြောရင်ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူအမူလုပ်ပါလို့
ရင်တွင်းမှာမကြည်မွေ့လေတော့
ဒီနေ့လဲစိတ်ညစ်တယ်။ ။
သိပ်ချစ်တယ်လို့မဆိုသာတော့
ပါးစပ်ကပြောမှာလား
နှုတ်ဖျားမှာမေတ္တာမရှိပါဘူး
အကြည့်ဆုံဝေဒနာနွေးတွေက
အကြင်နာခြေရာလေးတွေဘဲ
ချစ်သည်းရယ်ဖာသာဖြေလို့
မာယာတွေဟန်ဆောင်ထိန်းကာ
တစိမ်းတွေပေါ့။
မောင်စိန်ဝင်း(ပုတီးကုန်း)
Older Posts
Home
Subscribe to:
Posts (Atom)
ဘလော့ဂါ များ၏ ပို့စ်များ
Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ
welcome to flashsongcrazy
Forever-Lu Khit
10 years ago