Friday, August 23, 2013

အင်္ကျီ ရင်ဘတ်ကြယ်သီး ပြုတ်နေတဲ့ ကောင် ---







ရင်ဘတ်ကို
သံဘရပ်(ရှ)ကြမ်းကြမ်းနဲ့
ဗြန်းကနဲ တိုက်ဆွဲလိုက်သလိုပ။
ဥတ္တရဆောင်းရဲ့ လက်သည်းချွန်တွေကုတ်ခြစ်
အသားစတွေအတစ်အတစ်နဲ့  …
ဦးခေါင်းခွံထဲ
ဒိန်ချဉ်ပျော့ပြဲပြဲတွေထည့်ထားတဲ့ကောင်
သူ့ရင်ဘတ်ကိုကာဖို့ဆိုပြီး
ချစ်သူကိုပွေ့ဖက်ခဲ့
(နွေးသတဲ့)
ရယ်လိုက်ကြဟေ့…ရယ်ကြဟေ့
အဲဒီကောင်ငတုံး
ခုတော့..သူ့ရင်ဘတ်တစ်ခုလုံးမှာ
မီးလောင်ရာ ဗလပွနဲ့ …
                          မင်းခိုက်စိုးစန်

Wednesday, August 21, 2013

ငါ့ရာဇ၀င်မြို့ဟောင်းမှာ မင်းနာမည်ကို ကြက်ခြေခတ် ပလိုက်တယ်----






မင်းးးးးးးးးးးးးးးးးးး
ပျက်ရယ်ပြုခဲ့တဲ့ ငါ့ အချစ်
ခုမှ ပြန်လိုချင်သတဲ့လား?
အချစ်ဆိုတာ ပျားရည်လိုချိုပေမယ့်
ချောင်းဆိုးရင်ကျပ်တော့
ဖြစ်တတ်တယ်လေ
လူတိုင်းတောင်းတ တဲ့ အချစ်အသီး
ငါ့ အတွက်တော့ တော်ပါပြီ
မျက်ရည်တွေ ပြည့်ဖုံးနေတဲ့
နှလုံးသားတစ်စုံက
ရင်တခွင်လုံးကို စိမ်းရောင်ခြယ်ခဲ့တယ်
အဆိပ်တတ် အိမ်မက်တွေကို
ငါ နင်းချေဖို့ ကြိုးစားရင်းးးးးးးး
ကိုယ်တိုင်ပဲ လဲကျ
ပြန်ထ ဖို့ ပြင်ဆင်
ခွန်အားကိုမျှော်ရင်း
ခုတော့
ငါ့ရာဇ၀င်မြို့ဟောင်းမှာ
မင်းနာမည်ကို
ကြက်ခြေခတ် ပလိုက်တယ်။         

                    Thaepon

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ