Thursday, August 15, 2013

ကလေးတယောက်ရဲ့----







နာရီလက်တံတွေပေါ်
ကျနော် လိုက်ပါသွားခဲ့တယ်
ဟိုးဝေးဝေးမှာ
တိမ်တွေလည်း မြင်ရဲ့
မိုးသားတွေလည်း မြင်ရဲ့
နေခြည်နွေးနွေးမှာ
ကွေးအိပ်နေတဲ့ ကလေးလေး
အပြစ်ကင်းစင်နေတယ် ။
ဒေါသတွေ ကင်းတဲ့ကလေး
လောဘတွေ ရှင်းတဲ့ကလေး
သူ့ကိုကြည့်ပြီးလေ
ငါ အခါခါ သက်ပြင်းချ
လိုချင်ဦးဟဲ့ ပကာသန
ခ၀ါချ ထားတဲ့ မာနကမှ
သူ့ထက် အရောင်တောက်ဦးမယ် ။
အတ္တ နဲ့ လောဘ ရောစပ်မှုမှာ
မာနတရားနဲ့ ဘောင်ခတ်
ဒေါသတွေ အရောင်လက်ခဲ့တယ် ။
ရွှေသမင် အလိုက်မှားသလို
အရောင်တွေနောက်လိုက်ရင်း
ဖြူစင်မှုတွေ ကွာကျ ခဲ့တယ် ။
အခုတော့လေ----------
ငါ့တကိုယ်လုံး
လောဘ နဲ့ အတ္တ တွေ ပေကျံ
ဒေါသတွေ နဲ့ မည်းညစ် လို့
ကလေးရေ ------------
မင်းရဲ့ဖြူစင်မှုကို
ငါ့ အတွက် တညတာလေးပဲ
ပေးငှားစမ်းပါ
ခနလေးဖြစ်ဖြစ်
ငါ-------
အေးချမ်းသွားပါရစေ ။             

2 comments:

  1. ကဗျာကောင်းလေးပါ။ အားပေးသွားပါတယ်။


    မကြီးလွမ်း
    19-8-2013

    ReplyDelete
  2. ကလေးလေးတစ်ယောက်ရဲ့ ဖြူစင်မှုကို အကြိုက်ဆုံးပဲ

    ReplyDelete

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ