Monday, June 2, 2014

စိတ် နဲ့ အခြေအတင်





မျှော်လင့်ချက်တွေ ဖြစ်တယ်
အရင်ကလည်း ဖြစ်ခဲ့တာပဲ
အခုလည်း ဖြစ်နေတာပဲ
နောင်လည်း ဖြစ်နေဦးမှာပဲ

တစ်နေ့တုန်းကတော့
မမျှော်လင့်တော့ဘူးလို့ ပြောတယ်
အခု တော့
မျှော်လင့်ပြန်တယ်
ပရမ်းပတာ အတွေးတွေက
ပလုံးပထွေး နဲ့
ဒီလိုပဲ ခနခန ဖြစ်နေတာပဲ

ပေါများလိုက်တဲ့ဘ၀တွေ
ဘုရားမှာလည်း တွေ့တယ်
ဈေးနားမှာလည်းတွေ့တယ်
လမ်းတွေမှာလည်း တွေ့တယ်
ဟိုနားလည်း တွေ့တယ်
ဒီနားလည်း တွေ့တယ်
ခနခန တွေ့နေတော့ မထူးဆန်းတော့ဘူးလား ?

ဂလုံးဂလွမ်း မြည်သံတွေကြား
ဗိုက်ဆာလို့ မြည်တဲ့အသံ
ဗိုက်ပြည့်လို့ မြည်တဲ့အသံ
ဘ၀ပျောက်လို့မြည်တဲ့အသံ
ဘ၀ပြည့်လို့ မြည်တဲ့အသံ
ဟိုအသံ ဒီအသံတွေ
တအုန်းအုန်းနဲ့
နားထဲကြွက်ကြွက်ညံတယ်

အရင်လို မဟုတ်တော့ဘူး
ပြောင်းသွားပြီ
ဟိုတုန်းကလို မဟုတ်တော့ဘူး
ပြောင်းသွားပြီ
အရာရာပြောင်းသွားပြီ
စိတ်ဓါတ်လေးပဲ အရာထင်ကျန်နေတယ်

သတ္တိမရှိ တရှိ နဲ့ သက်ပြင်းတလုံးချလိုက်တယ်
အပူအပင်တွေ တနင့်တပိုးက
ရင်ဝ ကို လာလာ ခတ် တယ်
လေးတွဲ့တွဲ့ ရီ (ရယ်)သံတွေက
ရိုက်ချက်ပြင်းတဲ့ ဇာတ်ကားတကားလိုပဲ
(ခံစားရခက်စေတယ်)

မျက်နှာချင်းဆိုင်မှာ လာနေတဲ့သူတွေ
နောက်ကျောဘက်က လာနေတဲ့သူတွေ
ဘေးတိုက်ယှဉ်လျက် လာနေတဲ့သူတွေ
ဓါးလွယ်ခုတ်က လာနေတဲ့သူတွေ
ပျားပန်းခတ်မျှ လူတွေထဲမှာ
ပျောက်နေတဲ့ တခြမ်းလေး (ကိုယ့်ရဲ့ နံရိုးလေး)များပါဝင်လေမလား

စကားတွေ ပြောနေကြတယ်
ဒေါသတွေနဲ့ ပြောနေကြတယ်
မောဟတွေနဲ့ ပြောနေကြတယ်
လောဘတွေနဲ့ ပြောနေကြတယ်
ရီ (ရယ်)စရာတွေ ပြောနေကြတယ်
မောစရာတွေ ပြောနေကြတယ်
ကြည်နူးစွာပြောနေကြတယ်
နှစ်သက်စရာ ပြောနေကြတယ်
အမှန်ပြောဖို့အတွက်တော့ နှုတ်ခမ်းတစုံ ပျောက်ဆုံးနေတယ်

ထပ်ပြောမယ်
မျှော်လင့်ချက်တွေ ဖြစ်တယ်
အရင်ကလည်း ဖြစ်ခဲ့တာပဲ
အခုလည်း ဖြစ်နေတာပဲ
နောင်လည်း ဖြစ်နေဦးမှာပဲ

တစ်နေ့တုန်းကတော့
မမျှော်လင့်တော့ဘူးလို့ ပြောတယ်
အခု တော့
မျှော်လင့်ပြန်တယ်
ပရမ်းပတာ အတွေးတွေက
ပလုံးပထွေး နဲ့
ဒီလိုပဲ ခနခန ဖြစ်နေတာပဲ ။

                                   သုကြာ

Wednesday, May 7, 2014

မေမေ


 

ကျနော် အမေ့ဗိုက်ထဲက လာတယ်
နွေးထွေးလုံခြုံတဲ့ ရပ်ဝန်းလေးပေါ့
အပြင်လောက က ရှုပ်ထွေးလွန်းတယ် အမေ
ကျနော်လေ-------------
 အမေ့ရဲ့ အနီရောင် ရပ်ဝန်းလေးကို လွမ်းတယ်
အမေ ပြော ပြောနေတဲ့ လောကဓံ
တကယ်ကြုံမှ သိပ်ကြောက်စရာကောင်းတယ် အမေ
ကိုယ့်ကိုကိုယ် မကာကွယ်နိုင်တိုင်း
အမြဲ လုံခြုံစေခဲ့တဲ့ အမေ့ ရပ်ဝန်းလေးကို သတိရတယ်
အမေ မလုပ်ပေးနိုင်တာ ဘာများရှိခဲ့ပါသလဲ။

Thaepon

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ