Wednesday, May 7, 2014

မေမေ


 

ကျနော် အမေ့ဗိုက်ထဲက လာတယ်
နွေးထွေးလုံခြုံတဲ့ ရပ်ဝန်းလေးပေါ့
အပြင်လောက က ရှုပ်ထွေးလွန်းတယ် အမေ
ကျနော်လေ-------------
 အမေ့ရဲ့ အနီရောင် ရပ်ဝန်းလေးကို လွမ်းတယ်
အမေ ပြော ပြောနေတဲ့ လောကဓံ
တကယ်ကြုံမှ သိပ်ကြောက်စရာကောင်းတယ် အမေ
ကိုယ့်ကိုကိုယ် မကာကွယ်နိုင်တိုင်း
အမြဲ လုံခြုံစေခဲ့တဲ့ အမေ့ ရပ်ဝန်းလေးကို သတိရတယ်
အမေ မလုပ်ပေးနိုင်တာ ဘာများရှိခဲ့ပါသလဲ။

Thaepon

2 comments:

  1. ဟုတ်ကဲ့ အမေမလုပ်ပေးနိုင်တာဘာမှရှိပါဘူး......မိဘမေတ္တာနဲ့...အရာအားလုံးဖြစ်နိုင်ပါတယ်လေ။

    ReplyDelete
  2. ဂွမ်းမလေး ငါ့ကို ညည်းရဲ့ ဘလော့ကို လူကြည့်များအောင် ကြော်ငြာပေးဖို့ခွင့်ပြုပေးပါဟာ နောက်ပီးတော့ ငါ နင်နဲ့တွေ့ချင်မိတယ်ဟာ။ စိတ်ရင်းအတိုင်းပြောနေတာ ယုံပေးပါဟာ

    ReplyDelete

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ