Sunday, May 4, 2014

ချစ်ခြင်းသခင်

 ချစ်ခြင်းသခင်





စကားမစပ်
နေကောင်းသလား သခင်
အရိပ်သော်မျှ မမြင်ရလည်း
မှန်းဆကာလွမ်း တမ်းတကာ မှန်းရပါသည်
နှလုံးသားမှ ချစ်သော သခင်

အဝေးတနေရာမှ ချစ်သောသခင်
ကြွေပြုန်းသော နေ့ရက်များနှင့်အတူ
ချစ်ခြင်းရနံ့သည် သခင်နှင့်
ပြန်လာပါစေ

ပူလောင်သော တမ်းမွတ်ခြင်း ကင်းလျှက်
နှလုံးသားမှ အေးသောချစ်ခြင်းဖြင့်
ငါသည် သခင့်အပါးမှာ ထာဝရ
ဖြစ်ခွင့်ရပါစေ

အရိပ်ခက်မိုး အေးစေသော ချစ်ခြင်းသခင်
နှလုံးသား၏ စေဆောင်ရာ အတိုင်း
သခင် ၏ အရိပ်သည်
ငါဖြစ်ပါစေ ။          ။

Thaepon

1 comment:

  1. ကြွေရာမလွင့်
    ဝေရာမလွင့်
    ငါ၏ သခင်မထံ အပြေးပြန်ရန်
    ငါသည် တွေးနိုင်ပါလျှက်
    အဝေးတစ်နေရာမှသာ.....တမ်းတမျော်ရည်
    လွမ်းရပါသည်။

    တချိန်က သမိန်ပေါသွပ်..........။

    ReplyDelete

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ