Sunday, December 22, 2013

ချစ်သူ ရဲ့ ဆောင်း


နောက်ကျသွားခဲ့ပြီ
အရာအားလုံးအတွက်
နေသားတကျဖြစ်မှတော့
ဝေဒနာဟောင်းကို ပြန်မတူးဆွတော့ဘူး
နာကျင်သော ရင်က
တစ်စုံသာ ဖြစ်ပါစေ
ဖ၀ါးထပ်မျှ လိုက်ပါသော
ခံစားမှု အစုံသည်သာ
ငါ့ အဖော် အဖြစ် ရှိနေခဲ့လေသည်။

ဆောင်းနံ့သင်းသော ဒီဇင်ဘာသည်
ငါ နှင့် ချစ်သူ အကြား
တွေ့ ဆုံ ကွဲ ခြင်း သင်္ကေတ အဖြစ်
အမြဲတည်ရှိလေသည်
ချစ်သူ မရှိသော ဒီဇင်ဘာသည်
အေး၍ သွေ့ခြောက်လေသည်။

ခံစားမှု တို့ သေဆုံးလျက်
စိတ်၏ ၀ိညာဉ်သည်
လေနှင့် အတူ ပြေး၏
အတွေးတို့၌ သခင်ရှိသည်
အရိပ်များစွာ ဖြတ်သန်းလျက်
ငါ့အား ကြီးစိုး၏
ချစ်သူ ၏ အရိပ်နှင့် လွတ်ကင်းသော နေရာ မတွေ့
ချစ်ခြင်း၏ ရနံ့သည် ဆောင်းလေနှင့် အတူ
ကပ်ငြိလျက် လိုက်ပါလာလေသည် ။

                                                       Thaepon

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ