Monday, January 6, 2014

ဘာသာဗေဒ တို့၏ အလွန်

 

အဲ့ဒီ မျက်နက်ဝန်းလေးထဲမှာ
ကိုယ် နားမလည်နိုင်တဲ့ စကားလုံးတချို့ ရှိနေတယ်
ကိုယ် မဖတ်တတ်တဲ့ ဘာသာဗေဒ နဲ့ပေါ့
အတွေးစဉ် တလျှောက် နှောင်ဖွဲ့တယ်
နွယ်ငင် တတ်တဲ့ မေတ္တာ ရဲ့ သဘောလေလား

သေချာပါတယ်
အဲ့ဒီ မျက်နက်ဝန်းလေးဟာ
သိမ်မွေ့တယ် နူးညံ့တယ် ပြီးတော့-----
ဆွဲငင်တယ်
ကိုယ် တော့ ကျရှုံးတော့တာပါပဲ
အရှုံးထဲမှာတော့ သိမ်မွေ့သော အရှုံးပေါ့

မထိတထိနဲ့ တွယ်ငြိတဲ့ အာရုံ
အသံမပေးပဲ ရုတ်တရက် တံခါး ထ ခေါက်တယ်
ထပ်တူမကျ တကျ အိပ်မက်တွေနဲ့
မိုးလင်းသွားပြန်ပြီ

ရယ်သံအချို့နဲ့ လတ်ဆတ်တဲ့ အာရုဏ်
နေရောင်ပျို့ပျို့ မှာ မျက်ဝန်းလေး လက်တယ်
လွမ်းဆွတ်စရာ အတိတ် မလိုပါဘူး
လွမ်းမောစရာ အနာဂတ် ရှိလာပြီပဲ
ကျေးဇူးပဲ မနက်ခင်းရေ
မျက်နက်ဝန်းလေး က ကိုယ့်ကို ချစ်သတဲ့ ။                 ။


                                                                   Thaepon

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ