Thursday, June 19, 2014

ရိုးသားခြင်း မာယာ




မာယာများတယ်
ဟန်ဆောင်ထားတယ်
ရိုးသားခြင်း မျက်နှာဖုံး ကွာကျတာမဟုတ်ဘူး
မရိုးသားခြင်း နှလုံးတွေ ဖိတ်စဉ်လာမှာစိုးလို့
တား ထားတာ ။

စဉ်းစားလို့ကို မရဘူး
မာယာ များတယ် ဆိုတိုင်း
မရိုးမသားလို့ ဘာကြောင့်တွေးလဲ
ရိုးသားသူမှာလည်း မာယာတွေ တလှေကြီး ။

ညာသံပေးပြီး တတ်လာတဲ့ မရိုးသားခြင်းထက်
မာယာများတဲ့ ရိုးသားခြင်းက အင်အားကြီးတယ်
ခနခန လာ လာလှည့်တဲ့ မရိုးသားခြင်းအတွက်
ရိုးသားခြင်းမှာလည်း မာယာ လိုတယ် ။


သုကြာ

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ