ငါချစ်တာကို
မင်းမသိပေမယ့်
ငါဘာသာငါသိနေတော့
ခက်တယ်
မင်းမချစ်တာကို
ငါမသိဘူးလို့ မင်းထင်နေပေမယ့်
ငါသိနေတော့
ခံစားရတယ်
ငါမင်ကို
လွမ်းနေတာကို မင်းမသိပေမယ့်
ငါကိုယ်တိုင်သိနေတော့
မောတယ်
မင်းငါ့ကို
သတိတောင်မရတာကို
ငါဘာသာငါသိနေတော့
ဝမ်းနည်းရတယ်
ချစ်သူရယ်
မကြင်နာလို့စိမ်းမှတော့
ငါ့အနားမှာ
နင်မနေ တိမ်းရှောင်ခဲ့တာကို
ငါ အပြစ်မပြောပေမယ့်
ပြတ်သားစွာနဲ့
မေ့လိုက်ပါဆိုတဲ့
စကားတခွန်း
နင်မပြောတာတော့
ငါ စိတ်ဆိုးတယ်
ချစ်သူ
မျှော်လင့်ချက်မရှိပေမယ့်
မျှော်လင့်နေမိတဲ့
ငါ့ကိုယ်ငါလည်း
ငါစိတ်ဆိုးတယ်။ ။
တော်ပါပြီ
ငါရုန်းထွက်တော့မယ်
မင်းမပြောတဲ့
စကား
ငါမင်းကိုပြောတော့မယ်
ငါ့ကို
မေ့လိုက်တော့
ချစ်သူ--------------
Thaepon


No comments:
Post a Comment