ငါ မ အ, ပါဘူး
ငါ ချစ်တာပါ
မင်းပြောတဲ့
စကားတခွန်းနဲ့
ငါ့ အနာဂတ်တစ်ခုလုံးကို
ရေးခြယ်မိတာပါ။
မင်းပြောတဲ့
စကားတခွန်းနဲ့
ငါ အားလုံးကို
ရင်ဆိုင်လိုက်တာပါ။
မင်းပြောတဲ့
စကားတခွန်းနဲ့
ငါ လောကကြီးကို
စိန်ခေါ်လိုက်တာပါ။
မင်းပြောတဲ့
စကားတခွန်းနဲ့
ငါ့ဘ၀ရဲ့
တေးသွားတွေကို
အသက်သွင်းလိုက်တာပါ။
မင်းပြောတဲ့
စကားတခွန်းနဲ့
ငါ့ဘ၀ ဥယျာဉ်ထဲက
ပန်းတွေကို
ပွင့်စေလိုက်တာပါ။
ဒါပေမယ့်…………..
မင်းပြောတဲ့
စကားတခွန်းနဲ့
ငါ့ဘ၀ တခု
အေးစက်သွားတယ်
အလင်းဖျော့သွားတယ်
အသက်မဲ့သွားတယ်
ကြောက်ရွံ့သွားတယ်
ပြင်းရှတဲ့
စကားလေးက နှစ်လုံးစီပါပဲ
“ချစ်တယ်”
ဆိုတဲ့ စကားနဲ့ အရာရာကို
ရဲဝံ့ ခဲ့သလို
“မုန်းတယ်”
ဆိုတဲ့ စကားနဲ့ အရာရာကို
ဆုံးရှုံးလိုက်ရတယ်
ရက်စက်လိုက်တာ။ ။
Thaepon


No comments:
Post a Comment