ငါ မင်းကို
သိပ်ချစ်ပါတယ်
ဒါပေမယ့်
အရမ်းကိုချစ်တာ
သေချာပေမယ့်
ကင်ခြေများ
တစ်ကောင်ရဲ့
ခြေထောက်တစ်ချောင်းတော့
ငါ မဖြစ်ချင်ခဲ့ဘူး
များလွန်းတဲ့ကြယ်တွေ
ထဲမှာ
ငါဟာ
သောကြာကြယ်တစ်လုံးလို
လင်းလက်ချင်ခဲ့တာပါ
တကယ်လို့များ……………..
တကယ်လို့များပေါ့လေ…
မင်း……..
ငါ့ကို ချစ်တယ်
ဆိုတာ သေချာတဲ့နေ့
ပျားရည်မြစ်ကို
မင်းဖြတ်ကူးခဲ့ပါ
ဒီဘက်ကမ်းမှာ မင်းကို
ငါစောင့်နေမယ် ချစ်သူ
Thaepon


No comments:
Post a Comment