အဲဒါ အချစ်ပေါ့
သူ့မျက်ဝန်းတွေထဲမှာ ငါဟာပျောက်ဆုံးခဲ့တယ်
အဲဒါ အချစ်ပေါ့
သူ့အကြည့်တွေထဲမှာ ငါဟာပျော်ဝင်ခဲ့တယ်
အဲဒါ အချစ်ပေါ့
ငါ့ရဲ့ မနက်တိုင်းမှာ သူရှိခဲ့တယ်
အဲဒါ အချစ်ပေါ့
သူ့ရဲ့ စကားလုံးတွေအောက်မှာ ငါဟာ ပျော်ရွှင်ခဲ့ရတယ်
အဲဒါ အချစ်ပေါ့
ငါ့ရဲ့ အတ္တတွေ သူ့ခြေထောက်အောက်မှာ သဂြိုလ်ခဲ့ရတယ်
အဲဒါ အချစ်ပေါ့
ငါ့ရဲ့ မာနတွေ ဓါးထက်ထက်နဲ့ ပါးပါးလှီးခံခဲ့ရတယ်
အဲဒါ အချစ်ပေါ့
ငါ့မျက်ရည်တွေ မြစ်ထဲစီးဆင်းသွားခဲ့တယ်
အဲဒါ အချစ်ပေါ့
ငါ့ ဘ၀ကြီး ရုတ်တရက် လေထဲမြောက်တတ်သွားသလိုဖြစ်ခဲ့တယ်
အဲဒါ အချစ်ပေါ့
ငါ့ရင်တွေ အကြိမ်ကြိမ်အခါခါ နာကျင်ခဲ့ရတယ်
အဲဒါ အချစ်ပေါ့
ငါ့ရဲ့ စိတ်တွေ နတ်ပြည်နဲ့ ငရဲကို အကြိမ်ကြိမ်ကူးခဲ့ရတယ်
အဲဒါအချစ်ပေါ့
ငါမင်းကို လမ်းခွဲခဲ့တယ် ချစ်သူ-------------------------------
ငါ့ကိုယ်ငါပဲ သိပ်ချစ်သွားအောင်ကြိုးစားမလို့လေ။ ။
Thaepon


No comments:
Post a Comment