Monday, July 8, 2013

ကျမ မြတ်နိုးရပါသော-------- ထိုသူ



 



ဝင်လေ ထွက်လေ တိုင်း

တမ်းတ မိသူ

အိပ်ယာနိုးစမှ

ည အိပ်ယာဝင်သည့်တိုင်

အတွေးထဲ အစဉ်နေထိုင်သူ

လှုပ်ရှားမှုတိုင်း၌ 

အမှတ်ရစေသောသူ

တနေ့တာ ရှင်သန်သမျှကို

ပိုင်စိုးသောသူ

ရည်ရွယ်လိုက်တိုင်း 

အမြဲတစေ ရှိသူ

မှောင်မိုက်သော အတွေးတို့၌

ထွန်းလင်းစေသူ

အိပ်မက်တိုင်းပြည်တွင်

မင်းမူစိုးမိုးသူ

ကျမ ဘ၀၏ ငွေလ၀န်း

ကျမ အိပ်မက်တို့၏ အရှင်သခင်

ကျမ အတွေးတို့၏ ပိုင်ရှင်

ကျမ နှလုံးသား၏ သခင်

ကျမ နှလုံးသား၌ ခိုဝင်နေသော သူ

ကျမ မြတ်နိုးရပါသော-------- ထိုသူ



                                                  Thaepon

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ