Tuesday, July 23, 2013

ကျွန်ုပ်သည် ရှိသမျှသော ဘ၀တို့၌ သခင့်၌သာ တွယ်တာခြင်းဖြစ်ရပါလို၏







(၁)
ကျွန်ုပ်ချစ်မိ အပြစ်ရှိပါသလား?
သခင့်အပါး၌ နားခိုခွင့်အား
ကျွန်ုပ် တောင်းခံပါရစေ
သခင်နှင့်တွေ့ဆုံခွင့်သည်သာ
ကျွန်ုပ်အတွက် အမြတ်နိုးဆုံးဆုပါ
ကျွန်ုပ် နှလုံးသား၌
နက်ရှိုင်းစွာခိုဝင်ဆူးနစ်နေသော
သခင့်အားချစ်ခြင်းကို
အပြစ်ဟု မဆိုပါလင့်။           

(၂)
သခင့်ထံပါး၌ နေခွင့်ရခြင်းသည်
ကျွန်ုပ်ချစ်ခြင်း၏ ပြယုဂ်ဖြစ်သည်ဟုဆိုခဲ့ပါလျှင်
ကျွန်ုပ်၏ ချစ်ခြင်းသည်
သခင့်၏ ပြယုဂ်ဖြစ်ပါစေ
သခင်နှင့်အတူ ယှဉ်တွဲ
လောက၌ရှိသော
ကောင်းခြင်းဆိုးခြင်းတို့ကို
ထပ်တူ ဝေမျှခံစားရပါလို၏။      

(၃)
သခင်၏ နှုတ်ထွက်စကားသည်
ကျွန်ုပ်အတွက် အမိန့်သဖွယ်ဖြစ်
ကျွန်ုပ်၏ ပြောစကားကို
သခင့်ထံပါး၌ တောင်းဆုဖြစ်စေ
သခင်၏ စိတ်မာန်ရှခြင်းမှ ကင်းလွတ်ပါစေ။        
(၄)
ကျွန်ုပ်၏ နှလုံးသားအားခင်း
သခင့်အားပူဇော်ပါသည်
အလိုရှိသလို အသုံးပြုပါလေ
ထို့အတွက် ဆုလာဘ်အဖြစ်
သခင်၏ နူးညံ့ကြင်နာခြင်းသည်
ကျွန်ုပ်အတွက်သာ ဖြစ်ပါစေ။    
(၅)
ကျွန်ုပ်သည် ရှိသမျှသော ဘ၀တို့၌
သခင့်၌သာ တွယ်တာခြင်းဖြစ်ရပါလို၏
ကျွန်ုပ်သည် ခံစားရသမျှသော အာရုံတို့၌
သခင့်၌သာ မြတ်နိုးခြင်းဖြစ်ရပါလို၏
ကျွန်ုပ်သည် သိသမျှသော အသိတို့၌
သခင့်၌သာ ချစ်ခင်ခြင်း ဖြစ်ရပါလို၏
ထိုသို့သော ချစ်ခြင်းကို အပြစ်ဟု မြင်ခဲ့ပါလျှင်
ကျွန်ုပ်သည် အပြစ်သားဖြစ်
သခင်သည် ကျွန်ုပ်နှလုံးသား၏
သက်ဦးဆံပိုင်ဖြစ်လေသည်။     



                             Thaepon









No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ