Sunday, July 14, 2013

ကစားဖော် (သို့)



 


ဆုံတွေ့မှုတိုင်းရဲ့ တဒင်္ဂ
ထိုခနမှာ
စိတ်တွေ ယိမ်းထိုး
လှုပ်ရှားမှုတွေ ရပ်တန့်
ကမ္ဘာပျက်သလို
ငါ့နှလုံးသား ဆောက်တည်ရာမဲ့လို့
ပျော်ဝင်မိသော စကားလုံးတိုင်း
ခံစားမိသော စိတ်တိုင်း
နာကျဉ်မှုတွေ များနေတဲ့နှလုံးသားမှာ
နာလိုခံခက် အမျက်တွေကို သိမ်းထားရတယ်
ငါဟာ လှည့်စားတတ်သူလား
ဟင့်အင်း
ငါတန်ဖိုးထားတဲ့ ဘ၀တခုကို
သူ့အား ပိုင်ဆိုင်စေလိုတာပါ
မှားခဲ့တယ်ဆိုရင်
ဒါဟာ
နှလုံးသားရဲ့ အမှား
ခနတာ ကလေးအတွေးနဲ့
ဘ၀တခုကို အရုပ်ခြယ်ချင်ခဲ့တာပါ
ဆေးရောင်လှမလှ
လောင်းကြေးမထပ်ရဲပေမယ့်
ပုံကြမ်းကောင်းဖို့တော့
ငါတာဝန်ယူရဲတယ်
သူ့ဘဝ
အလင်းမဲ့နေတယ်လို့ ဘယ်သူပြောမလဲ
သူဟာ
လမ်းဆုံမှာရပ်နေသူလို
လိုချင်တဲ့ အလင်းကို
ရွေးချယ်ပိုင်ဆိုင်နိုင်သူပါ
ငါကလေ
သူရွေးချယ်ရမယ့် အလင်းကို ညွှန်ပြရုံသက်သက်
ငါက ဘ၀တခုကို ကစားသူလား
ဟင့်အင်း
ငါက သူ့ရဲ့ ကစားဖော်ပါ
နည်းလမ်းမှန်စွာ ကစားတတ်ဖို့
ဘေးကနေ မှားယွင်းမှုတွေကို
သင်ပြကစားပေးနေတာပါ
ကျေးဇူးပြုပြီး
ငါ တန်ဖိုးထားတဲ့ ဘ၀တခုကို
သူ့အား ပိုင်ဆိုင်ခွင့်ပေးပါ----------------။



                                                                 Thaepon

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ