Showing posts with label ခံစားမှု ပြယုဂ်. Show all posts
Showing posts with label ခံစားမှု ပြယုဂ်. Show all posts

Friday, July 25, 2014

နင်မသိခဲ့ပါဘူး ကိုကို


 

နင်မသိဘူး မလား
နင့်ကို ဘယ်လောက်ချစ်တယ် ဆိုတာကို

နင် မသိဘူးမလား
နင် မရှိမှန်းသိရက် နဲ့ ငါ လိုင်းပေါ် ခနခန ရောက်မိနေတာကို

နင်မသိဘူးမလား
နင် မဖြေမှန်းသိရက် နဲ့ ခနခန မေးနေမိတာကို

နင်မသိဘူးမလား
နင့်ကို သေလောက်အောင် လွမ်းနေတာကို

နင်မသိဘူးမလား
နင့်ဓါတ်ပုံလေး ကို ခနခန ကြည့်မိနေတာကို

နင်မသိဘူးမလား
နင် မသိမှန်းသိရက် နဲ့ နင့်အနား ခနခန လာမိနေတာကို

နင်မသိဘူးမလား
နင့် အကြောင်းကဗျာတွေ ခနခန ရေးမိနေတာကို

နင် မသိဘူးမလား
နင့်ကြောင့် ရင်တွေကွဲမတတ် ခံစားနေတာကို

ကိုကို
တကယ်ကို နင်မသိခဲ့ပါဘူးဟာ ----------

သုကြာ


Thursday, January 16, 2014

တခါတရံမှာ ------------


အရမ်းခံစားလာရတဲ့ အခါမှာ ဘယ်တော့မှ မတွေးဘူး ဘယ်တော့မှ မလုပ်ဘူး ဆိုတဲ့ ဘယ်တော့မှတွေကလည်း ဘယ်တော့မှ--------သွားတာပါပဲလားနော်
တခါတရံမှာ ကိုယ် တန်ဖိုးထားရတဲ့သူက ကိုယ်မဟုတ်တဲ့သူကို အရမ်းဂရုစိုက်နေတာ သတိထားမိတဲ့အခါ 
ကိုယ် ချစ်တဲ့သူက ကိုယ့်ကို မချစ်ဘူးဆိုတာကို သိလာရတဲ့အခါ
အရမ်းဂရုစိုက်ခံချင်ပြီး ဂရုစိုက်မခံရတဲ့အခါ
တအားဝမ်းနည်းနေချိန်မှာတောင် နှစ်သိမ့်မှုတခုကို မရတော့ လူက ဂျစ်တစ်တစ် ဖြစ်လာတယ်
မရည်ရွယ်ပဲနဲ့ ကလန်ကဆန်အကျင့်တွေ ပေါ်လာတတ်တယ် ၀မ်းနည်းမှု သရုပ်ကို ဖုံးလွှမ်းဖို့ ခက်ထန်မှု မျက်နှာဖုံးကို ဆောင်းမိခဲ့တယ်
တခါတရံမှာ သူ ဂရုမစိုက်လည်း ဘာအရေးလည်း ဆိုတဲ့ အတွေးနဲ့ခါးသီးပေမယ့်
တခါတရံမှာတော့ သူ့ရဲ့ ဂရုစိုက်မှုသေးသေးလေးကိုလည်း တောင့်တနေသေးတယ်
တခါတရံမှာ မသိသားဆိုးဝါးလှတဲ့ ကိုယ့်ရဲ့ ညာဉ်ဆိုးက သူ့ဂရုစိုက်မှုကိုတောင် ဖွင့်ဟတောင်းခံနေသေးရဲ့ ဒါပေမယ့် သူက ကိုယ့်ထက် ပိုပြီး အလိုက်မသိသူထင်ပါရဲ့ တခါမှတောင် ၀တ်ကျေတန်းကျေ ဂရုမစိုက်ပါလား ။
တခါတရံမှာ စိတ်နာတယ် စိတ်နာတယ် အော်နေပေမယ့် တခါတရံမှာတော့ သူမှမသိတာ သူအပြစ်မရှိ ဆိုတဲ့စိတ်မျိုးက ၀င်သေး ။ အော် ခက်တော့နေပါပြီ ။
ခုတော့ ကိုယ်သိသွားပြီ ကိုယ်ဆိုတဲ့ လူသားလေးက သူ့အတွက် အရေးမပါဘူးဆိုတာကိုလေ .............။

                                                                                   


                                                                                                             Thaepon



Sunday, December 22, 2013

ချစ်သူ ရဲ့ ဆောင်း


နောက်ကျသွားခဲ့ပြီ
အရာအားလုံးအတွက်
နေသားတကျဖြစ်မှတော့
ဝေဒနာဟောင်းကို ပြန်မတူးဆွတော့ဘူး
နာကျင်သော ရင်က
တစ်စုံသာ ဖြစ်ပါစေ
ဖ၀ါးထပ်မျှ လိုက်ပါသော
ခံစားမှု အစုံသည်သာ
ငါ့ အဖော် အဖြစ် ရှိနေခဲ့လေသည်။

ဆောင်းနံ့သင်းသော ဒီဇင်ဘာသည်
ငါ နှင့် ချစ်သူ အကြား
တွေ့ ဆုံ ကွဲ ခြင်း သင်္ကေတ အဖြစ်
အမြဲတည်ရှိလေသည်
ချစ်သူ မရှိသော ဒီဇင်ဘာသည်
အေး၍ သွေ့ခြောက်လေသည်။

ခံစားမှု တို့ သေဆုံးလျက်
စိတ်၏ ၀ိညာဉ်သည်
လေနှင့် အတူ ပြေး၏
အတွေးတို့၌ သခင်ရှိသည်
အရိပ်များစွာ ဖြတ်သန်းလျက်
ငါ့အား ကြီးစိုး၏
ချစ်သူ ၏ အရိပ်နှင့် လွတ်ကင်းသော နေရာ မတွေ့
ချစ်ခြင်း၏ ရနံ့သည် ဆောင်းလေနှင့် အတူ
ကပ်ငြိလျက် လိုက်ပါလာလေသည် ။

                                                       Thaepon

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ