Showing posts with label Seagame ၀မ်းနည်းမှု. Show all posts
Showing posts with label Seagame ၀မ်းနည်းမှု. Show all posts

Wednesday, December 18, 2013

အောင်မြင်ပါစေ မြန်မာ

 

ရင်နာတယ်
ကိုယ့်မြေမှာ ကိုယ် နင်း ခံရတာ
သေတာထက် နာတယ်
လွဲသွားတဲ့ အနိုင်တွေတိုင်း
ကြည့်နေသူတွေ အသည်းနာသလို
သူတို့တွေရော ဘယ်လိုခံစားရမလဲ
အားမလို အားမရ ကျိန်ဆဲသံတွေက
သူတို့ အတွက် မဖြစ်သင့်ပါဘူး
အားလုံး ကျေနပ်စေနိုင်ဖို့
သူတို့ အားထုတ် ခဲ့တာပဲ
အဖြေတခု ထွက်အလာမှာ 
သူတို့လည်း ရင်နာတာပါပဲ
ပေါက်ကွဲသံတွေ ကြားမှာ
သူတို့ ရဲ့ ချွေးတွေ ပါတယ်
အသက်ရှူသံတိုင်းမှာ
နိုင်ငံ့ အတွက်လို့ အဓိပ္ပါယ်ပါတယ်
သူတို့ ရင်းတဲ့ နိုင်ငံ့အတွက်က
သွေး နဲ့ ချွေး နဲ့ ခွန်အားနဲ့
ပြီးတော့ သူတို့ဘ၀ တခုလုံးနဲ့--------
အဲ့ဒီပွဲထဲမှာ
ငါတို့ မျက်ရည်တွေပါတယ်
မခံချင်စိတ်တွေပါတယ်
အားမလို အားမရမှုတွေပါတယ်
ဝမ်းနည်းမှုတွေပါတယ်
ဒီတပွဲတော့ တို့မြန်မာ ရှုံးတယ်
နောက်နှစ်တွေမှာ
သူများမြေမှာ
တို့မြန်မာတွေ
တို့နိုင်ငံတော်သီချင်းကို
သံပြိုင်ဟစ်ကြမယ် ။               ။


                                                     Thaepon

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ