Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Tuesday, June 18, 2013

မိန်းကလေး အများစု နှစ်သက်တဲ့ အမျိုးကောင်းသားလေးများ :)






၁) အရပ်ရှည်သော ယောက်ျားလေးများ

(၂) လက်ချောင်းလေးများလှသော ယောကျာ်းလေးများ

(၃) body spray အမြဲသုံးပြီး ဘေးက ဖြတ်သွားရုံနှင့် သင်းပျံ့သော မွှေးရနံ့ကို ပေးစွမ်းနိုင်သော ယောကျာ်းလေးများ

(၄) ဆေးလိပ်သောက်သောအခါ နိုင်ငံခြားမင်းသား Keanu Reeve ကဲ့သို့ မိန်းကလေးများအပေါ် စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်သော ယောကျာ်းလေးများ

(၅) ရုပ်မချောသော်လည်း ယောကျာ်းပီသ ခန့်ညား သပ်ရပ်သော ယောကျာ်းလေးများ

(၆) စမတ်ကျကျ ၀တ်တတ်သော ယောကျာ်းလေးများ

(၇) အမူအရာ အပြောအဆို နူးညံ့သိမ်မွေ့သော ၊ ယဉ်ကျေးသော ယောကျာ်းလေးများ

(၈) ရုပ်မချောသော်လည်း စိတ်သဘောထားကောင်းမွန်သော ယောကျာ်းလေးများ

(၉) ဥစ္စာပေါ၊ ရုပ်ချော ယောကျာ်းလေးများ
(၁၀) စတိုင်ကျသော၊ နေပုံထိုင်ပုံကြည့်ကောင်းသော ယောကျာ်းလေးများ



စိတ်ဓါတ်ပိုင်းဆိုင်ရာ

(၁) တိရိစ္ဆာန်လေးများ အပေါ် ကြင်နာသနားတတ်သော ယောကျာ်းလေးများ

(၂) မိန်းကလေးများနှင့် အရောတ၀င်မရှိပဲ အနေထိုင် တည်ငြိမ်သော ယောက်ျားလေးများ
(၃) ယောကျာ်းပီသကာ သတ္တိရှိပြီး ပြဿနာတိုင်းကို ရဲရဲဝံ့ရင်ဆိုင်ဖြေရှင်းနိုင်သော ယောကျာ်းများ

(၄) မည်သူ့အပေါ်မဆို လေးလေးစားစား ဆက်ဆံပြီး ကိုယ့်ကိုကိုယ် နှိမ့်ချတတ်သော ယောက်ျားများ
(၅) သူတပါး၏ အပြုအမူကို သရော်လှောင်ပြောင်ခြင်းမပြုတတ်သောယောကျာ်းများ

(၆) ဟာသဥာဏ်ရွှင်သော ယောကျာ်းလေးများ

(၇) အပြောကောင်းသော ယောကျာ်းလေးများ

(၈) အပြောမကောင်းသော်လည်း စိတ်သဘောထားဖြူစင်သော ယောကျာ်းများ

(၉) မလိုအပ်ပဲ စကား အပိုမပြောတတ်သော တည်ကြည်မြင့်မြတ်သော ယောက်ျားများ
(၁၀) သူတပါး၏ အကြံဥာဏ်ကို လေးလေးစားစား လိုက်နာတတ်သောယောကျာ်း



အကျင့်စာရိတ္တ

(၁) အပျော်အပါး မမက်သော ယောကျာ်း
(၂) အိုင်တွေ့တိုင်းခြေမဆေးတတ်သောယောကျာ်းလေးများ (ဟန်ဆောင်ပြီးတော့ပဲ ဖြစ်ဖြစ်၊ တကယ်ပဲဖြစ်ဖြစ်)

(၃) ဒေါသမကြီးဘဲ အရာရာ ကို သည်းခံခွင့်လွှတ် အနစ်နာခံတတ်သော၊ သဘောထားကြီးသော ယောကျာ်းလေးများ

(၄) အလုပ်တစ်ခုကို စေ့စပ်သေချာစွာလုပ်တတ်သော၊ စည်းစနစ်ကျသော၊ စည်းကမ်းကြီးသော ယောက်ျားများ

(၅) သမာသမတ်ကျသော၊ မဟုတ်မခံတတ်သော ယောကျာ်းလေးများ

(၆) အမှန်ကို ၀န်ခံတတ်ပြီး လိမ်လည် လှည့်စားမှုနည်းသော ယောကျာ်းများ
(၇) အရာရာကို ကောင်းသည့်အမြင်ဖြင့် ကြည့်တတ်သော ယောကျာ်းများ



မိန်းကလေးအများစု သတ်မှတ်ထားတတ်တဲ့ အရည်အချင်း

(၁) ပညာရေးတွင် ထူးချွန်ထက်မြက်ကာ အရည်အချင်းရှိသော ယောက်ျားများ

(၂) ဥာဏ်အမြော်အမြင်ရှိကာ အရာရာကို လာဘ်မြင်သော၊ စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်သော ယောက်ျားများ

(၃) ဥာဏ်ကောင်းပြီး ဆိုလိုရင်းကို အလွယ်တကူ နားလည်သဘောပေါက်သော ယောက်ျားလေးများ

(၄) မိန်းကလေးတစ်ယောက်ကို ပျော်ရွှင်အောင်ထားနိုင်သော ယောကျာ်းလေးများ

(၅) မိန်းကလေးအပေါ်တွင် အလိုလိုက်ပြီး အလျှော့ပေးဆက်ဆံတတ်သော ယောကျာ်းလေးများ

(၆) ခေတ်ပေါ်ဂီတနှင့်ပတ်သက်သော တူရိယာတစ်မျိုးမျိုးတီးတတ်သော ၊ (ဥပမာ တယော၊ ဂစ်တာ၊ DJ, drum) ၊ အနုပညာကို ခံစားတတ်သော ယောကျာ်းလေးများ
(၇) မိန်းကလေးတစ်ယောက်အပေါ် နားလည်မှုအပြည့်အ၀ပေးနိုင်သော ယောကျာ်းလေးများ



မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကူးထဲက သူတို့ ချစ်သူဆိုတာ ဒါမျိုးတွေနဲ့ ကိုက်ညီမှ..

(၁) ချစ်သူ၏ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်သော ယောကျာ်းလေးများ

(၂) ချစ်သူက လွဲပြီး တလောကလုံးမှာ ရှိရှိသမျှ မည်သို့သော မိန်းကလေးကိုမှ စိတ်မ၀င်စားသောယောကျာ်း (အီစီကလီ မလုပ်သော၊ မကျူသော)

(၃) ချစ်သူကို ယုံကြည်စိတ်ချကာ သံသယစိတ်မဖြစ်တတ်သော ယောကျာ်းများ

(၄) ပြဿနာဖြစ်လာလျှင် ချစ်သူ၏ရှေ့မှ မားမားမတ်မတ် ရပ်တည်ကာ ပြဿနာအားလုံးကို လည်စီးခံသော ယောက်ျားလေးများ

(၅) ချစ်သူ၏ အခက်အခဲအားလုံးကို ကူညီဖြေရှင်းပေးနိုင်သော အားကိုးအားထားပြုသင့်သည့် ယောကျာ်းကောင်း

(၆) အရာအားလုံးထက် ချစ်သူကို ဦးစားပေးသော၊ ချစ်သူကို နံပါတ်တစ်နေရာမှာထားသော ယောက်ျားလေးများ

(၇) ချစ်သူအပေါ် အဖေလို အစ်ကိုတစ်ယောက်လို စောင့်ရှောက်ကာ အမြဲ စိတ်ပူလေ့ရှိသော၊ သ၀န်တိုတတ်သော ယောကျာ်းလေးများ

(၈) ချစ်သူအပေါ် နွေးထွေးစွာ ဆက်ဆံသောယောကျာ်းများ

(၉) ချစ်သူ၏ အကြိုက်ကိုသိသော၊ ချစ်သူကြိုက်တတ်သည့် အရာဆိုလျှင် အသေးစိတ်ကအစ မှတ်ထားတတ်သော ယောက်ျားများ
(၁၀) ချစ်သူများနေ့၊ ချစ်သူနှစ်ဦး၏အထိမ်းအမှတ်နေ့များ၊ ချစ်သူ၏မွေးနေ့ အစရှိသော နေ့ရက်များတွင် ချစ်သူမိန်းကလေးကြိုက်နှစ်သက်မည်ထင်ရသော လက်ဆောင်ပစ္စည်းများ အမြဲလိုလို ၀ယ်ပေးတတ်သော ယောကျာ်းများ

(၁၁) ချစ်သူကို ယုံကြည်စိတ်ချကာ သံသယစိတ်မဖြစ်တတ်သော ယောကျာ်းများ

(၁၂) ချစ်သူစိတ်ဆိုးလျှင် စိတ်ကောက်ပြေသည်အထိ နည်းလမ်းအမျိုးမျိုးရှာကြံကာ ချစ်သူကို ကလေးတစ်ယောက်လိုသဘောထားပြီး ချော့မြူတတ်သော ယောကျာ်းလေးများ
ကဲ သင့်မှာကော ဒါတွေ ရှိရဲ့လား မရှိရင် ကြိုးစားထားနော်။


ကူးယူတင်ပြသော မူရင်းဆိုဒ် ကို ကျေးဇူးတင်ပါသည်။


                                                                      Thaepon

ပျော်ရွှင်စွာနေတတ်ကြသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်







ပျော်ရွှင်စွာနေတတ်ကြသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်
တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။ ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမို ပျော်ရွှင်နေတတ်ကြတာဟာ အောက်ပါ အကြောင်းတွေကြောင့်ပါ။

၁။ အကောင်းမြင်တတ်ပါတယ်

...
ပျော်ရွှင်စွာ နေတတ်သူတွေဟာ မကောင်းတဲ့ အရာတွေ ဖြစ်ပေါ်လာတာကို လက်ခံပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ်ကြပါတယ်။ အဆိုးမြင်ဝါဒ ရှိတတ်သူတွေ အနေနဲ့ တစ်ခုခုမှားရင် အကုန်လုံး မှားမှာပဲလို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ်ကြပါတယ်။



၂။ အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ်ထားတတ်ကြပါတယ်

ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ (Negative) အပေါ်သာ အာရုံစိုက်လေ့ ရှိတတ်ကြပါတယ်။ ချီးကျူးရမှာက ၁၀ ခု ရရှိပြီး မကျေနပ်တာ တစ်ခု ရှိနေမယ်ဆိုရင် သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ ရှိသလဲ။ ပျော်ရွှင်စွာ နေတတ်သူတွေဟာ ချီးကျူးရမယ့် အကြောင်းအရာတွေကိုသာ ကြားမြင်တတ်ကြပါတယ်။ အကောင်းမြင်တာကို စတင်ပြီး သတိထားမိရင် သင့်ဆီ အကောင်းတွေချည်းပဲ ရောက်လာမှာလို့ ပိုမြင်မိတတ်ကြပါတယ်။



၃။ ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်

ပျော်ရွှင်စွာ နေတတ်သူတွေဟာ လွယ်လွယ်ကူကူပဲ ခွင့်လွှတ်တတ်ကြပါတယ်။ လူတွေကို ခွင့်မလွတ်နိုင်တာဟာ အဲ့ဒီသူ သေဆုံးဖို့အထိ မျှော်လင့်နေတာကြောင့် သင့်ကိုယ်သင် အဆိပ်မိထားသလို ခံစားရတတ်ကြပါတယ်။ သင်ဟာ ခွင့်လွှတ်ဖို့ ခဲယဉ်းနေရင် မေတ္တာပို့တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။ သင့်ကိုယ်သင် မေတ္တာပို့ပါ။ ပြီးရင် သင်ချစ်တဲ့သူ၊ သင်နဲ့ သိကျွမ်းဖူးသူ၊ သင်ခွင့်လွှတ်ရမယ့် သူတွေကို မေတ္တာပို့ပါ။ ဥပမာအားဖြင့် (ခွင့်လွှတ်ရမယ့်သူ နာမည် ထည့်ပါ) ကျန်းမာပါစေ။ ချမ်းသာပါစေ။ အန္တရာယ်ကင်းပါစေ။ ကြင်နာတတ်ပါစေ အစရှိသဖြင့် မေတ္တာပို့ကြည့်ပါ။ အလိုလို ခွင့်လွှတ်နိုင်သွားပါလိမ့်မယ်။



၎။ မိမိဝါသနာပါရာ အလုပ်ကို လုပ်တတ်ကြပါတယ်

ပျော်ရွှင်စွာ နေတတ်သူတွေဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိကမထားဘဲ သူတို့ ဝါသနာပါရာ အလုပ်ကို လုပ်တတ်ကြပါတယ်။



ကူးယူတင်ပြသော မူရင်းဆိုဒ် ကို ကျေးဇူးတင်ပါသည်။


                                                                           Thaepon

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ