Showing posts with label မောင်လှမျိုး (ချင်းချောင်းခြံ) ၏ ကဗျာများ. Show all posts
Showing posts with label မောင်လှမျိုး (ချင်းချောင်းခြံ) ၏ ကဗျာများ. Show all posts

Wednesday, August 21, 2013

အတုမဲ့ချစ်ခြင်းဖြင့် ပစ်ခွင်းသော အမုန်းမြား



အတုမဲ့ချစ်ခြင်းဖြင့် ပစ်ခွင်းသော အမုန်းမြား

   အတုမဲ့စွာ ချစ်ခဲ့ပါသည်။
   ချစ်ခြင်းရဲ့အား အမုန်းမြားနဲ့
   ရှုံးသွားတဲ့ ကိုယ်
   ပစ်ရင်းပြိုကျ ငိုပါရစေ...။

   ချစ်သူ၏ အမုန်းခံ လူသားအဖြစ်
   သူ့အားပစ်ခွင်း
   မြတ်နိုးခြင်း... မြား
   ထိပါးသမျှ၊

   သတိရခြင်းကင်း၍
   အေးမြချမ်းမြေ့ပါစေ...

   (ကျွန်တော့်အတွက်တော့)
   ဝေးသမျှ နာကြင်ပါစေသား...။

   မောင်လှမျိုး ( ချင်းချောင်းခြံ )

မျက်ရည်မြစ်ကျဉ်း



 မျက်ရည်မြစ်ကျဉ်း
   ~~~~~~~~~~

   စိတ်ကိုရွေ့လျား
   မေ့ထားရုံနဲ့၊
   မေ့သွားရင်လည်း
   အကောင်းသား။

   မမေ့ မမုန်း
   တစ်နေ့လုံး ... သူ၊
   စိတ်ကိုယူငင်
   ရစ်တွင်ရစ်ဖွဲ့၊ နှောင်တွယ်နွဲ့ပြုံး
   အလွမ်းဆုံး ... မြစ်
   လှော်ရင်းနစ်ပြီ။

   မပျော်နေ့ည
   မေ့မရလို့၊
   တွေ့ကြတဲ့အခါ၊
   သူမြင်သာအောင်၊
   ကြင်နာအရိပ်၊ အလွမ်းစိတ်ကို
   ပါးစပ်ပိတ်ထား၊နှလုံးသားမှ
   မျက်ရည်များဖြင့် ပြချင်တယ် ... ။


   မောင်လှမျိုး ( ချင်းချောင်းခြံ )

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ