Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Tuesday, June 18, 2013

ယောကျာင်္း နဲ့ မိန်းမ ကွာခြားချက်များ :D






နေ့လည်စာ ထွက်စားခြင်း
Male - သူငယ်ချင်း ၄ယောက်နေ့လည်စာထွက်စားတယ်။ အချင်းချင်း ကတုံး၊ ထိပ်ပြောင်၊ ဖဲဂျိုး၊ အရက်သမား စတဲ့ နာမည်ပြောင်တွေ ခေါ်ကြတယ်။
Female - သူငယ်ချင်း ၄ ယောက်နေ့လည်စာထွက်စားတယ်။ နာမည်အရင်းပဲခေါ်တယ်။ နာမည်ပြောင်ခေါ်လေ့မရှိ။

ပိုက်ဆံရှင်းချိန်
M - 3600 ကျတယ်။ တစ်ယောက် ထောင်တန် တရွက်စီထုတ်လိုက်တယ်။ ပြန်အမ်းဖို့ ပိုက်ဆံလဲဘယ်သူမှ တောင်းမနေဘူး။
F - 3600 ကျတယ်။ ဘယ်သူကဘယ်လောက် ဆိုပြီး အသေးစိတ် အတိအကျခွဲတယ်။ အဲဒီအတိုင်း ပိုက်ဆံစုပြီး ရှင်းလိုက်တယ်။

ပစ္စည်းဝယ်ခြင်း
M - လိုအပ်လာရင် ၅၀၀ တန်ပစ္စည်းကိုလည်း ၁၀၀၀ ပေးဝယ်တယ်။
F - မလိုအပ်သော်လည်းပဲ ၁၀၀၀ တန်ပစ္စည်းကို ၅၀၀ ရရင် ဝယ်ထားလိုက်တယ်။
ရေချိုးခန်း
M - သွားတိုက်တံ၊ ဆပ်ပြာ၊ မုတ်ဆိတ်ရိတ်ဓား၊ ခေါင်းလျှော်ရည်၊ မျက်နှာသုတ်ပုဝါ အဲဒီ(၅)မျိုးလောက်ပဲရှိတတ်သည်။
F - အနည်းဆုံး (၁၀)မျိုးနှင့်အထက်ရှိတတ်သည်။ အချို့ပစ္စည်းများမှာ ယောက်ျားလေးများ မသိသော ပစ္စည်းများ ဖြစ်နေတတ်သည်။
အချစ်
M - လိုချင်တာတစ်ခုတည်း ဒါပေမယ့် မိန်းမတွေအများကြီးဆီက။
F - လိုချင်တာအများကြီး ဒါပေမယ့် ယောက်ျား တစ်ယောက်တည်းဆီက။
လက်ထပ်ခြင်း
M - မိန်းမတစ်ယောက်ကို မပြောင်းလဲလောက်ဘူးလို့ ယူဆပြီးလက်ထပ်လိုက်ပေမယ့် ပြောင်းလဲသွားတယ်။
F - ယောက်ျားတစ်ယောက်ကို ပြောင်းလဲသွားလိမ့်မယ်လို့ ယူဆပြီး လက်ထပ်လိုက်ပေမယ့် မပြောင်းလဲသွားဘူး။
အဝတ်အစား ကောင်းကောင်းဝတ်ခြင်း
M - မင်္ဂလာဆောင်သွားချိန်နှင့် အသုဘလိုက်ပို့ချိန်မှာသာ ဝတ်သည်။
F - ဈေးဝယ်ထွက်ချိန်၊ အမှိုက်သွန်ချိန်၊ ဖုန်းပြောချိန်၊ သစ်ပင်ရေလောင်းချိန်၊ စာတိုက်ပုံးထဲမှာ စာသွားယူချိန်၊ စာအုပ်ဖတ်ချိန်၊ မည်သည့် ပွဲလမ်းသဘင်မဆိုတက်ချိန်
ကလေးများ
M - အိမ်မှာ ကလေးတစ်ယောက် မရှိချိန်မှပဲ ဖခင်ဖြစ်သူက သတိထားမိတယ်။
F - မိခင်ဖြစ်သူက ကလေးအပြင်၊ ကလေးရဲ့ သူငယ်ချင်းတွေ၊ ကျောင်းသင်ခန်းစာတွေ၊ ကြိုက်တတ်တဲ့အစားတွေ၊ ဆေးခန်းရက်ချိန်းတွေကအစ မှတ်မိတယ်။

စကားများခြင်း
စကားများတိုင်း မိန်းမဖြစ်သူရဲ့ စကားနဲ့ပဲ အဆုံးသတ်တယ်။ အကယ်၍ ယောက်ျားဖြစ်သူက ထပ်ပြောမိရင် အဲဒါက နောက်ပြဿနာတစ်ခုရဲ့ အစဖြစ်သွားရော။
နေ့စဉ်ကိစ္စ
ယောက်ျားတစ်ယောက် ကအပြစ်တစ်ခုလုပ်မိရင် မေ့လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတာ့ တူညီတဲ့ကိစ္စတစ်ခုကို မှတ်မိဖို့ လူနှစ်ယောက်မလိုဘူး။ မိန်းမက အမြဲမှတ်မိနေတော့ မလိုတော့ဘူးလေ။



ကူးယူတင်ပြသော မူရင်းဆိုဒ် ကို ကျေးဇူးတင်ပါသည်။
                                                                     Thaepon

Computer နှင့် တူသော မိန်းမများ :D






>Internet နဲ့တူသော မိန်းမ
သူတို့ကတော့ access လုပ်ဖို့အတော်ကိုခက်တဲ့ အမျိုးသမီးမျိုးဖြစ်ပါတယ်။ တစ်ခါတစ်လေ လှည့်ကြည့်ဖေါ်တောင် မရပါဘူး။



>Server နဲ့တူသော မိန်းမ
... ဒီလိုအမျိုးအစားကတော့ ကိုယ်လိုအပ်လို့ဆက်သွယ်တဲ့အခါမှာ အလွန်အလုပ်များနေတတ်သူများပါ။ မအားသေးဘူး၊ ဧည့်သည်ရောက်နေတယ်၊ ဒီအသံတွေပဲကြားရပါလိမ့်မယ်။



>Window နဲ့တူသော မိန်းမ
ဒီအမျိုးသမီးဟာ တစ်ခုမှ မှန်ကန်တိကျစွာ မလုပ်နိုင်ဘူးဆိုတာ သိနေပါလျှက်နဲ့ သူမရှိဘဲနေလို့ မရနိုင်တဲ့ အမျိုးသမီးမျိုးပါ။ ဘယ်လိုမျိုးပါလိမ့်နော်။



>Word နဲ့ တူသောမိန်းမ

သူတို့ကျတော့ အလွန်စိတ်ရှည်သည်းခံတယ်...

ငါ့သားလေး မှားမဟဲ့ ဆိုပြီး အနီရောင်မျဉ်းလေး တားပြတယ်။

လုံဝကြီး မှားပြီဆိုရင်လဲ Undo အကြိမ်ရေ ကန့်သတ်ချက်မရှိ ခွင့်လွှတ်သည်းခံပေးတယ်။



>Excel နဲ့တူသော မိန်းမ

လူတွေကပြောကြပါတယ်။ ဒီလိုအမျိုးသမီးမျိုးဟာလုပ်ငန်းစဉ်တွေ အများကြီးလုပ်နိုင် စွမ်းဆောင်နိုင်ပါတယ်တဲ့။ (နည်းနည်းတော့ ကြောက်စရာကောင်းတယ်.. အရေးကြီးတာ မှားလို့ကတော့

Undo မပေးတော့ပြန်ဘူး)ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ သူ့ကိုအခြေခံလုပ်ငန်းစဉ်လောက်အတွက်သာ ရယူနိုင်တဲ့အမျိုးအစားမျိုးပါ။ နှမြောစရာကောင်းတယ်နော်။



>Virus နဲ့တူသော မိန်းမ
သူတို့ကိုတော့ ဇနီးမယားလို့လဲခေါ်ကြပါတယ်။ ကိုယ့်ဆီကိုမခေါ်ဘဲနဲ့ ရောက်လာပြီး ကိုယ့်မှာရှိတဲ့ ပိုင်ဆိုင်သမျှကို အသုံးပြုပစ်မယ်။ တစ်ခါတစ်လေ ဖျက်ဆီးပစ်တတ်ပါတယ်။ သူ့ကို ဖယ်ထုတ်ဖို့ကြိုးစားရင်တောင် ကိုယ့်မှာတစ်ခုခု ဆုံးရှံးပြီးနေပါပြီ။ ဖယ်ထုတ်ဖို့ မကြိုးစားဘူးဆိုရင်တော့ အားလုံးဆုံးရှုံးသွားနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ကြောက်စရာကြီး



>RAM နဲ့ တူသော မိန်းမ
သူတို့ကတော့ ကိုယ့်အနေနဲ့ သူတို့နဲ့ဆက်သွယ်ထားမှုကို ဖြတ်ပစ်လိုက်ရင် ကိုယ်ပြောသမျှအားလုံးကို ချက်ခြင်းမေ့ပစ်လိုက်တဲ့ အမျိုးအစားပါ။ သတိထားကြပါ။



>Hard Disk နဲ့တူသော မိန်းမ
သူကတော့ အရာအားလုံးကို အမြဲတမ်းထာဝရ သတိရနေသူမျိုးပါ။



>CD- ROM နဲ့တူသော မိန်းမ
ဒီအမျိုးအစားကတော့ အလုပ်လုပ်ရာမှာ တစ်နေ့ထက်တစ်နေ့ တစ်လထက်တစ်လ ပိုပြီးမြန်လာတတ်သူတွေပါ။ မျက်စိကိုနောက်နေမှာပါပဲ။



>CPU နဲ့တူသော မိန်းမ
အပြင်ပန်းကကြည့်ရင်တော့ သူ့မှာ အရာခပ်သိမ်းပြည့်စုံနေတဲ့ ပုံပါပဲ။ ဒါပေမယ့် အတွင်းကျကျလေ့လာ ကြည့်ရင်တော့ ဘာမှမရှိတာကိုတွေ့ရမှာပါ။ ရှောင်ကြ၊ ရှားကြ။



>User နဲ့ တူသော မိန်းမ
သူလိုအပ်တာထက် ပိုမိုတောင်းဆိုတတ်တဲ့ သူမျိုးပါ။ မောင်ကြီးလခ တတ်တတ်ပြောင်တာ သူတို့လက်ချက်ပေါ့။



ကူးယူတင်ပြသော မူရင်းဆိုဒ် ကို ကျေးဇူးတင်ပါသည်။

                                                               Thaepon

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ