လေညင်းက သယ်ဆောင်လာတဲ့
သူ့ ရဲ့ ကိုယ်သင်းနံ့လေး
ကျမ နှစ်သက်စွာ
စွဲလမ်းရသော
သူ့ ရဲ့ အငွေ့သက်လေးပေါ့
ရိုးသားစွာနဲ့
သူ့ လှုပ်ရှားမှုတိုင်းကို
မြတ်နိုးစွာ တွယ်တာတယ်
သူ့ စကားလုံးတိုင်းကို
ခုံမင်စွာ နာယူချင်တယ်
သူ့ဝင်သက်
ထွက်သက်တိုင်းကို နှစ်သက်တယ်
သူ့ နှလုံးသားလေးမှာ
လဲလျောင်းအိပ်စက်ချင်တယ်
သူ့ဘ၀ထဲမှာ
ခမ်းနားစွာ ကျဆုံးချင်တယ်
သူ့ရဲ့ မနက်ခင်းတိုင်းမှာ
လေပြေညင်းလေး ဖြစ်ချင်တယ်
ဒါဟာ
ကျမ ရဲ့ အတွေးသက်သက်
ကျမ အတွေးတွေနဲ့
ကျမ ရူးချင်ရူးမယ်
မူးချင်မူးမယ်
ကျမ နှလုံးသားကို
သူ့အချစ်
အငွေ့သက်တွေနဲ့သာ ရှင်သန်စေမယ်
ကျမ တဖြေးဖြေးနဲ့
သူ့အနားကို ချဉ်းကပ်သွားတယ်
သူ့ နှလုံးသား
နဲ့ ကျမ နှလုံးသားလေး
နူးညံ့စွာ
မိတ်ဆက်ရန် ခြေတလှမ်း အလိုမှာ
ကျမ
---------- ။ ။
Thaepon
သဲပုံ ရေ ကျွန်တော်အလည်လာသွားတယ်စိမ်းလန်းစိုပြည်နေတဲ့နေရာလေးတစ်ခုပါ
ReplyDeletewww.lulunhling.blogspot.com မှာကျွန်တော်ဆီလာလည်ပါဦးလို့ဖိတ်ခေါ်ပါတယ်။
ReplyDeleteကောင်လိုက်တဲ့ စာသာလေ
ReplyDelete