လှည့်စားခဲ့ဖူး သည်
အခြားတော့မဟုတ်
ကိုယ့်စိတ်ကို ကိုယ် လှည့်စားခြင်း ။
အားလုံးထက် ပို၍ အလေးနက်ထားပြီး
အားလုံးထက် ပို၍ အလေးနက် ထားခံချင်သည်
အရာတိုင်းတွင် သက်ရောက်မှု ရှိသည်ဟု ခံယူချက်နှင့် အညီ
ကိုယ်ပေးသလောက် ပြန်ရဖို့ မျှော်လင့်ဖူးပါသည်
မျှော်သလောက် မောသည်
မောသလောက် ပင်ပန်းသည်
ရှိစေ
အစွဲတွေ လွှတ်ပစ်လိုက်မည်
ကိုယ် မကြိုက်သော အရာတခု
မည်မျှ လက်မခံနိုင်သည်ဖြစ်စေ
သူ့နေရာသူ ထားခြင်းသည် ယဉ်ကျေးမှုတခု
ထိုသို့ခံယူထားသော ကျွန်ုပ်သည်
ကျွန်ုပ် ကိုယ်တိုင်ပြုလုပ်သော အရာတခု
လွှင့်ပစ်ခံရသောအခါ --------
ပထမ ၀မ်းနည်း၏
ဒုတိယ ဒေါသထွက်၏
တတိယ နောက်တခါ ဆိုသောအတွေး
လုံးဝမတွေးတော့ပါလေ
ဟုတ်ပါသည်
ကျွန်ုပ်သည် အတေးအမှတ်ကြီးသော သူတဦးအဖြစ် ရှင်သန်လေသည်။
Thaepon
No comments:
Post a Comment