ကြာပြီပဲ
ပျောက်ကွယ်သွားသင့်ပါပြီ
ခံစားမှု ရသတွေ အလီလီ နဲ့
နှလုံးသားလည်း အတောင်ညောင်းပြီ
အိတ်သွန်ဖာမှောက် ခံစားလိုက်ရတာ
ခုချိန် လက်ကျန်တောင် မရှိသလောက်ပဲ
မျှော်လင့်တဲ့ အချိန်မှာ မတွေ့လိုက်ရတော့
တွေ့လိုက်တဲ့အချိန်မှာမမျှော်လင့်ချင်တော့ဘူး
လွမ်းရဲတယ် ထင်လို့ ထားခဲ့တာလား
ထားခဲ့လို့ လွမ်းရဲခဲ့တာလား
မရေရာ ဒွိဟတွေကြားမှာ အလွမ်းတွေ ရင့်သီးလို့ ရိတ်သိမ်းချိန်တောင် ရောက်လာပေါ့
စိုက်လိုက်တော့ အချစ် ပွင့်လာတာ အလွမ်း
ဒီလိုမှန်းသိရင် ဒီအပင် ငါ ဘယ်စိုက်မလဲ
ခုတော့ သီးထပ် သီးညှပ်တွေနဲ့ အလွမ်းတွေ ဝေဆာလာလိုက်တာ
နင့်သီးတဲ့ အလွမ်းတွေ ခံစားရတိုင်း
ကျူးပစ်ကိုပဲ မေတ္တာပို့မိတော့တယ် -----------------------

သနားပါတယ် ကျူးပစ်လေး မေတ္တာပို့ခံရတာ။ ဟုတ်တယ် ဟုတ်တယ် အချစ်ပင်စိုက်ပေမယ့် ထွက်လာတာက အလွမ်း။
ReplyDelete