အသိစိတ်ထဲ
အလင်းသဲ့သဲ့ ၀င်လာချိန်
အသံတချို့ နဲ့ နိုးထလာခဲ့
ဒုက္ခ ရဲ့ အစလား
သုခ နဲ့ ဘ၀ လား
ဆေးလိပ်တတိုနဲ့ မျက်နှာသစ်ရင်း
ညက ဘာများ မက်ခဲ့ပါလိမ့်
ဖြစ်ချင်တာတွေလား
ဖြစ်သင့်တာတွေလား
ပြန့်ကျဲနေတဲ့ အတွေးတွေ နဲ့
မရေရာ ငေးနေရင်း
အချိန်ခါ မဟုတ် ပန်းတွေပွင့်တဲ့
အိပ်မက် ကို သတိတရ -------
ဒါဟာ ပြဇာတ်မဟုတ်ဘူး
အချိန်ခါ ကြည့်စရာမလိုဘူး
နာရီတိုက်စရာ မလိုဘူး
ဖြစ်ချင်တာတွေ ဖြစ်လို့ရသလို
အစီစဉ်ကျစရာလည်း မလိုဘူး ။
Thaepon
အိပ်မက်
ReplyDeleteကဗျာလေးတွေ မိုက်စ်တယ် မိသဲ
ငါ အချိန်၇မှ လာကူးမယ်
ကဗျာလေးဖတ်ခဲ့တယ် လှပသပ်ရပ်တဲ့ ကဗျာ
ReplyDelete