Monday, August 19, 2013

'ဟင်း ' ခနဲချလိုက် တဲ့ သက်ပြင်းတောင် အသံမမြည်ဘူး-------





 




စမ်းချောင်းနဲ့ အပြည့်
ကြယ်တွေ စီးဆင်းနေတယ်
ည ရဲ့ကောင်းကင် အရောင်တဖိတ်ဖိတ်နဲ့
ကတ္တီပါ အနက်စ ကို ဆွဲခြုံရင်း
ပုန်းနေတဲ့လမင်း
တိမ်ကြားက ခေါင်းပြူကြည့်တယ်
မည်းမှောင်နေတဲ့ အခန်းကျဥ်းလေး
တနည်းပြောရရင်
ငါ့ ကိုယ်ပိုင် ကမ္ဘာငယ်လေး
မှောင်နေသလောက်ကို လွတ်လပ်နေတယ်
ပျံ့လွင့်ချင်တဲ့အတွေးတိုင်းကို
ကန့်သတ်မှုမရှိ ပျံ့လွင့်နိုင်တဲ့
ငါ့ ကမ္ဘာလေး
မီး --------- လား!
ဟင့်အင်း မထွန်းတော့ပါဘူး
မှောင်နေတဲ့ အခန်းထောင့်လေးမှာ
ငါ့ နှလုံးသားက အလင်းနဲ့ ငါထိုင်နေမယ်
လရဲ့ မသထာရေစာ အလင်းအချို့အ၀က်နဲ့
အတွေးသီနေရတဲ့ ဘဝ
'ဟင်း ' ခနဲချလိုက် တဲ့ သက်ပြင်းတောင်
အသံမမြည်ဘူး------- ။


                                                     Thaepon



                                                                               

3 comments:

  1. မီး --------- လား!

    ဟင့်အင်း မထွန်းတော့ပါဘူး

    မှောင်နေတဲ့ အခန်းထောင့်လေးမှာ

    ငါ့ နှလုံးသားက အလင်းနဲ့ ငါထိုင်နေမယ်------
    ကဗျာကောင်းလေးကိုခံစားလျှက် ပါ---------

    လင့်လေးချိပ်ဖို့လဲ တခါထဲယူသွားတယ်နော်

    ReplyDelete
  2. ဟား နှလုံးသားက လင်းတဲ့ အလင်းနဲ့ ထိုင်မယ်တဲ့။ စကားလုံးတွေ တကယ်ကြွေတယ်ညလေး။

    ReplyDelete

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ