Wednesday, August 21, 2013

ငါ့ရာဇ၀င်မြို့ဟောင်းမှာ မင်းနာမည်ကို ကြက်ခြေခတ် ပလိုက်တယ်----






မင်းးးးးးးးးးးးးးးးးးး
ပျက်ရယ်ပြုခဲ့တဲ့ ငါ့ အချစ်
ခုမှ ပြန်လိုချင်သတဲ့လား?
အချစ်ဆိုတာ ပျားရည်လိုချိုပေမယ့်
ချောင်းဆိုးရင်ကျပ်တော့
ဖြစ်တတ်တယ်လေ
လူတိုင်းတောင်းတ တဲ့ အချစ်အသီး
ငါ့ အတွက်တော့ တော်ပါပြီ
မျက်ရည်တွေ ပြည့်ဖုံးနေတဲ့
နှလုံးသားတစ်စုံက
ရင်တခွင်လုံးကို စိမ်းရောင်ခြယ်ခဲ့တယ်
အဆိပ်တတ် အိမ်မက်တွေကို
ငါ နင်းချေဖို့ ကြိုးစားရင်းးးးးးးး
ကိုယ်တိုင်ပဲ လဲကျ
ပြန်ထ ဖို့ ပြင်ဆင်
ခွန်အားကိုမျှော်ရင်း
ခုတော့
ငါ့ရာဇ၀င်မြို့ဟောင်းမှာ
မင်းနာမည်ကို
ကြက်ခြေခတ် ပလိုက်တယ်။         

                    Thaepon

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ