Thursday, August 8, 2013

အချစ်က ကမ္ဘာကို လက်နက်မပါပဲ အုပ်စိုးသတဲ့




အပြစ်ကင်းတဲ့ ချစ်ခြင်းတစုံကို
ငါ---ဖန်တီးချင်ခဲ့တာပါ
ဒါပေမယ့်
ကံကြမ္မာက ငါ့ကို မျက်နှာသာမပေးခဲ့ဘူး
ချစ်ခြင်းနောက်မှာ
အတ္တတွေ အရောင်ဆိုးခဲ့တယ်
အတ္တကင်းတဲ့ အချစ်
ရှာဖွေရင်းမော
ငါ့ နှလုံးသားလေးလည်း
စောစော နွမ်းလျသွားတယ်
ချစ်ခြင်းတစုံနဲ့ ဘ၀ ကို ထုဆစ်ချင်ခဲ့တယ်
သေချာတာ က
အချစ်သည် ဘ၀အတွက်
အစိတ်အပိုင်းတခုပဲ ဖြစ်လာခဲ့တယ်
ကြင်နာမှုတွေနဲ့ လွှမ်းခြယ်ထားပေမယ့်
အပြုမူတွေက စိမ်းကားခါးသက်နေခဲ့တယ်
မေတ္တာတရားတွေနဲ့ နွေးထွေးရမယ့် အစား
ဥပေက္ခာစကားတွေနဲ့ အေးစက်နေခဲ့တယ်
နှလုံးသားအတုကို
ရောင်စုံခြယ်ပြီး ပေးခဲ့ပေမယ့်
ငါသိသိနဲ့ မက်မောခဲ့မိတယ်
ပိုင်ဆိုင်မိတဲ့ အတု
အစစ်ဖြစ်လာမလားလို့ စောင့်မျှော်ရင်း
ငါ့နှလုံးသားလေး ကျဆုံးသွားရတယ်
အချစ်က ကမ္ဘာကို လက်နက်မပါပဲ အုပ်စိုးသတဲ့
ငါ့နှလုံးသားနဲ့ ရင်းပြီးသိလိုက်ပါပြီ
စကားတခွန်းက သေစေ ရှင်စေ တယ် ဆိုတာကိုပေါ့


                                  Thaepon

2 comments:

  1. အင်းကိုယ်လဲ အချစ်က ကမ္ဘာကို လက်နက်မပါဘဲ အုပ်စိုးစေချင်တာ။ အချစ်နဲ့ပဲ ဘ၀ကို ထုဆစ်ချင်ခဲ့တာ။ ခုတော့ မဖြစ်နိုင်တော့ဘူး ထင်ပါရဲ့။ ညလေး ကဗျာလေးအားပေးသွားတယ်။

    ReplyDelete
  2. ကဗျာကောင်းလေးကို အားပေးသွားခဲ့တယ်။


    မကြီးလွမ်း
    19-8-2013

    ReplyDelete

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ