သူနဲ့ကျမ ကြားမှာ အချစ်ဆိုတာ ဘယ်လိုပုံစံနဲ့ ရောက်ရှိလာပါသလဲ ?
တခါတရံ မှာ အချစ်ဆိုတာ ဘာလဲလို့ ကျမ တွေးမိဖူးတယ်။
သူငယ်ချင်းတွေက ပြောကြတယ် သူနဲ့ ကျမ အကြောင်းကိုပေါ့ ။
ကျမ တို့က မပွင့်လင်းဘူးတဲ့ ချစ်နေကြရဲ့သားနဲ့ ချစ်သူဖြစ်ခွင့်မရှိတဲ့သူတွေ တဲ့
ဟင့်အင်း ချစ်သူ ဆိုတာ တချိန်မှာ မုန်းသွားနိုင်တာပဲ
ကျမ နဲ့ သူကတော့ မုန်းလို့မရတဲ့ ချစ်သူတွေပေါ့
ကျမ လိုအပ်တဲ့ အချိန်တိုင်း အနားမှာ သူရှိနေတတ်သလို သူ့အတွက် အချိန်တိုင်းမှာ ကျမ ရှိနေတတ်တယ်
ကျမ ဘာကြိုက်တတ်တယ် ဆိုတာကို ကျမ ကိုယ်တိုင်ထက် ကို သူက ပိုသိနေသလိုပါပဲ
ကျမ တို့ဟာ ဟိုးငယ်စဉ်တည်းက သူငယ်ချင်းတွေပေါ့ အထက်တန်းကျောင်းတတ်တော့လည်း တူတူ တက္ကသိုလ်တတ်တော့လည်း အတူတူ
တစ်ယောက်နဲ့ တစ်ယောက် သိပ်ဂရုစိုက်ကြလွန်းလို့ အကြောင်းမသိသူတွေက ကျမ တို့ကို စုံတွဲ လို့ ထင်တတ်ကြတယ်လေ။
******************************
အဲ့ဒီနေ့ -
အဲ့ဒီနေ့လေး တနေ့ကို ကျမ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး ။
မနက်အစောကြီး သူ အိမ်ကိုရောက်လာတယ် အမေ့ ဆီမှာ ခွင့်တောင်းပြီး ကျမ ကို အပြင်ခေါ်ထုတ်လာတယ် ကျမတို့ ထိုင်နေကျ ကန်တော်ကြီးထဲက
ခုံလေးမှာ ထိုင်နေရင်းနဲ့ --------------------
‘ နီတျာ နင့်ကို ယမုံ လာရှာလိမ့်မယ် အတွေ့မခံနဲ့ကွာ’
‘ ဟင် ငါက ဘာလို့တုန်း ရဲရင့် ရ ယမုံက ဘာလို့ တွေ့ချင်တာလဲ’
‘ ကျွတ် ငါ မတွေ့နဲ့ဆိုရင် မတွေ့နဲ့ကွာ’
‘ အဲ့ အဲ့လိုတော့ မဟုတ်သေးပါဘူး ခါတိုင်းလည်း ယမုံက နင့်အတွက် ငါ့ဆီလာနေကျပဲကို နင်တို့ ပြဿနာဖြစ်ထားတာလား’
ခေါင်းထဲကို လက်ငါးချောင်းထိုးသွင်းပြီး ငိုက်စိုက်ချ ထိုင်နေတဲ့ သူ့ကို ကျမ မေးလိုက်တယ်။
‘ အင်း---‘
‘ ဟင် ဘာဖြစ်ကြပြန်ပြီလဲ’
ကျမ ကို ဆွေးဆွေးငေးငေး ကြည့်နေတဲ့ သူ့ကြောင့် ကျမ စိတ်ထဲမှာ လေးလံလာမိတယ် ကျမ အမေးကိုတော့ သူပြန်မဖြေခဲ့ဘူး ။
*****************************
ညနေခင်း ကျမ ခြံထဲမှာ စာဖတ်နေတုန်း ယမုံရောက်လာတယ် ။
‘နီတျာ ငါ နင်နဲ့ ပြောစရာရှိတယ်’
‘အယ် ပြောလေ ယမုံ’
ရုတ်တရက်ကြီး ရင့်ရင့်သီးသီး ပြောချလိုက်တဲ့ ယမုံ့ ကို စိတ်ထဲမှာ ခု သွားပေမယ့် မနက်က ရဲရင့်ပြောထားခဲ့လို့ သူ့အမှားများဖြစ်နေရင်
ကျမက တောင်းပန်ပေးမယ် ဆိုတဲ့ စိတ်နဲ့ ပြေလည်စွာ ပြန်ပြောလိုက်မိတယ် ။
‘အပြင်သွားပြောမလား နင့်အိမ်မှာပဲ ဖြစ်မလား’
‘အင်း ရပါတယ် မေမေတို့ မရှိလို့ အပြင်သွားဖို့ အဆင်မပြေဘူး ယမုံ’
‘ အိုကေလေ ဒီမှာပဲ ပြောတာပေါ့’
‘ အင်း ထိုင်ဦး ယမုံ အအေးဖျော်ခဲ့မယ်’
‘မလိုဘူး နီတျာ ငါ စကားပဲ ပြောမှာ’
ဘာလဲဟ နည်းနည်းတော့လွန်လာပြီဟုထင်သည်။
‘ကဲ ပြောပါဦး’
‘နင် နဲ့ ရဲရင့် က ဘာလဲ’
‘ဟမ်’
‘နင်နဲ့ ရဲရင့် က ဘာလဲလို့’
‘ဘာကိုမေးတာလဲ ယမုံ နင်မေးတာကို ငါ နားမလည်ဘူး’
‘အေး ရှင်းရှင်းပြောတာပေါ့ မနေ့က ငါနဲ့ ရဲရင့် ပြဿနာဖြစ်တယ်’
‘အဲ့ဒါ ငါနဲ့ ဆိုင်လို့လား ယမုံ’
‘ဟား သိပ်ဆိုင်တယ် နီတျာ ငါ့အဖေ အမေ ဆီမှာ ငါ့ ကိုလာတောင်းဖို့ မောင် နဲ့ ငါနဲ့ မနေ့က ဆွေးနွေးတာ မောင်ဘာပြောလဲ သိလား’
‘ဘယ်သိမလဲ ယမုံ ငါ နဲ့မှမဆိုင်တာ’
‘အေး မောင်ကပြောတယ် နီတျာ အိမ်ထောင်ပြုမှ သူအိမ်ထောင်ပြုမယ်တဲ့ နီတျာ့ကို သူစောင့်ရှောက်မယ်တဲ့’
ထိုစကားအတွက် ကျမ သိပ် မအံ့သြမိ။ ရဲရင့် ခနခန ပြောနေကျစကားပဲလေ။
‘ဒီမှာ နီတျာ နင် နဲ့ မောင်က ဘယ်လိုပတ်သတ်မှုလဲ ငါမသိပေမယ့် ငါ့စိတ်ထဲမှာ မောင့်အတွက်နင်က ငါ့ထက် ပို အရေးပါနေတယ်ဆိုတာကို
ခံစားနေရတယ် နင်တို့က ဘာမှ မဟုတ်ဘူးဆိုရင် မောင် နဲ့ ငါ နဲ့ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်လို့ ရအောင် နင်လုပ်ပေးပါ နီတျာ ငါပြန်တော့မယ်’
နှုတ်ဆက်စကား တောင် ကျမ မဆိုလိုက်မိပါဘူး၊ ယမုံ ထွက်သွားပြီးတဲ့ အထိ ကျမ ခေါင်းထဲမှာ အသည်းအသန် စဉ်းစားမိနေတာက ယမုံမေးသွားသလို
ကျမ နဲ့ ရဲရင့်က ဘာလဲ ဆိုတာကိုပါပဲ။
******************************
‘ရဲရင့် နင် ယမုံ နဲ့ ကိစ္စ ဘယ်လိုလုပ်မှာလဲ’
‘ဘာလုပ်ရမှာလဲ’
‘ဟမ် ရဲရင့် နင် ပေါ့ပေါ့လေး မပြောနဲ့လေ’
‘မပြောပါဘူးဟာ ငါလည်း ဘာလုပ်ရမလဲ မသိပါဘူး’
‘ရဲရင့် ရယ် ယမုံက နင့်ချစ်သူလေ သူက လက်ထပ်ချင်ပြီဆို’
‘အင်း’
‘နင် လူကြီးတွေကို ဖွင့်ပြောပြီး သွားတောင်းရမှာပေါ့ဟ’
‘နီတျာ’
ကျမ ကို စိုက်ကြည့်ပြီး လေးလေးပင်ပင် ခေါ်ချလိုက်တဲ့ သူ့ကြောင့် ကျမ ရင်ထဲမှာ ဘာမှန်းမသိတဲ့ခံစားချက်တခု ဖြတ်ပြေးသွားသလိုပါပဲ ။
‘ငါ နင့် ကို ဘေးမှာ ထားပြီး တခြားမိန်းကလေးကို လက်ထပ်ဖို့ ဆိုတာ မစဉ်းစားဖူးဘူး နီတျာ နောက်ထပ် အဲ့ဒီအကြောင်းမပြောနဲ့’
‘ရဲရင့် နင် ငါ့ကို စိတ်မချတာ ငါသိတယ်လေ ဒါပေမယ့်----‘
‘တော်တော့ နီတျာ ထပ်မပြောနဲ့ ငါသွားမယ်’
သူ ထွက်သွားခဲ့တယ်။ ကျမ ဘာဆက်လုပ်ရမလဲ။
******************************
‘နီတျာ ရန်ကုန် ကို သင်တန်းသွားရမယ် သမီးမသွားချင်ရင် သမီးအစားတယောက်ယောက်လွှတ်ရမယ် သမီး အန်တီ့ကို အကြောင်းပြန်နော်’
ကျမ ရုံးကို ရောက်ရောက်ချင်း မန်နေဂျာ ခေါ်ပြောတဲ့ စကားကို စဉ်းစားနေမိတယ် သင်တန်းကာလက ၃ လ တဲ့ ဒီ ၃ လ လောက် ကျမ ပျောက်သွားရင်
ရဲရင့် သူချစ်တဲ့ ယမုံနဲ့ လက်တွဲနိုင်ကောင်းရဲ့လို့လည်း ကျမ တွေးမိနေတယ်။
‘မေမေ သမီး မနက်ဖြန် ရုးံကိစ္စ နဲ့ ရန်ကုန်သွားရမယ် သုံးလ ကြာမယ် မေမေ သင်တန်းပေါ့’
‘ဟင် သမီး ကလည်း ချက်ချင်းပဲလား’
‘ဟုတ် သမီးချက်ချင်းပဲ သွားလိုက်တာ မေမေ ရဲရင့်ကို မပြောသေးနဲ့ဦးနော် သူ မသိစေချင်ဘူး’
‘အင်းပါ သမီးရယ် ယမုံ လာသွားတယ် ဆိုတာ မေမေ သိပြီးပါပြီ စိတ်ထဲ မထားနဲ့ သမီးရယ် သမီးနဲ့ ရဲရင့်က ငယ်တည်းက အတူတူ ကြီးပြင်းလာတော့
သံယောဇဉ် ကြီးကြတာပေါ့ ယမုံ နားလည်လာမှာပါသမီးရယ်’
‘ဟုတ် မေမေ’
******************************
‘အန်တီ နီတျာရော’
‘အော် သား နီတျာက ရန်ကုန်ကို သင်တန်းသွားတယ် သားရဲ့’
‘ဟာ ကျနော့်ကို ဘာမှ လည်း မပြောဘူး အန်တီ’
‘အင်း သား နဲ့ ယမုံ အလုပ်ရှုပ်နေမှာပဲ ဆိုပြီး ဒီတိုင်းသွားလိုက်တာနေမှာ သားရဲ့’
‘အန်တီ ကျနော်ပြန်တော့မယ်’
‘အေး အေး သား’
******************************
‘နေနိုင်လိုက်တာ နီတျာရာ ငါ့ကို ဘာမှ လည်းမပြောဘူး’
‘အင်း ရဲရင့်’
ကျမဆီကို သူဖုန်းဆက်လာတယ်။ ကျမ အရမ်းဝမ်းသာသွားတာပဲ အမှန်တိုင်းဝန်ခံရရင် ကျမ သူ့ ကို လွမ်းနေတယ် နေ့တိုင်း မြင်နေကျ သူ့ကို
မမြင်ရတော့ နေရခက်လိုက်တာလေ။
‘နင်နဲ့ ယမုံ ရော ဘယ်လိုလဲ’
‘ဘာကို ဘယ်လိုလဲ လဲ နီတျာ’
‘ငါ ရန်ကုန်ရောက်နေတဲ့ တလ အတွင်းမှာ နင်တို့ လက်ထပ်ဖို့ ဘာတွေစီစဉ်ပြီးပြီလဲ မေးတာလေ’
‘နီတျာ’
‘အင်း’
‘ငါ ယမုံ နဲ့ လမ်းခွဲလိုက်ပြီ’
‘ဟင်’
‘ဟုတ်တယ် နီတျာ ငါ နင့်ကို စိတ်ဆိုးလို့ ဖုန်းမဆက်တဲ့ တလ အတွင်းမှာ တော်တော် ဆန်းစစ်လိုက်တယ် တကယ်တမ်း ငါ ယမုံ့ ကို ချစ်တာမဟုတ်ပဲ ငါ
ချစ်တဲ့ သူက ဘယ်သူဆိုတာ သိလိုက်လို့ပဲ’
‘ဟင်’
‘အင်း နင် ရန်ကုန်မှာ သုံးလ ကြာမှာဆို ခုတလပြီးသွားပြီးဆိုတော့ နောက်ထပ် နှစ်လပေါ့ နင်ပြန်လာမှ ငါ မိန်းမသွားတောင်းမယ်ဟာ
နင် မြန်မြန်ပြန်လာခဲ့’
‘ဟင် နင်မိန်းမတောင်းတာ ငါနဲ့ ဘာဆိုင်လဲ တော်ပြီဟာ ငါ ပင်ပန်းလာတယ် အိပ်တော့မယ် Good night ရဲရင့်’
‘အင်း အင်း အိပ်လိုက်တော့ နီတျာ’
ကျမ ၀မ်းနည်းမှုတွေ အများကြီးနဲ့ ဖုန်းချလိုက်မိတယ် အားပါးတရ ငိုချလိုက်ချင်တာပေါ့ ဒါပေမယ့် ငိုလို့မရဘူး ရဲရင့်ရယ် ငါလေ -------------
***********************
ကျမ ဒီနေ့ မန္တလေးကို ပြန်လာခဲ့တယ် နင် နေနိုင်လိုက်တာ ရဲရင့်ရယ် ငါ့ဆီကို ဖုန်းလေးတချက်တောင် ထပ်မဆက်ခဲ့ဘူးနော် နင် အချစ်သစ် နဲ့
အရမ်းပျော်နေတာပေါ့လေ ငါကတော့ နင့်ကို ဆုံးရှုံးရတော့မယ် ဆိုတဲ့ အသိနဲ့ ဒီသုံးလ ကို အရမ်းခြောက်ခြားခဲ့ရတာပါဟာ ------
ကျမ အိမ်ပြန်ရောက်ပြီး သုံးရက်မှာ ရဲရင့်ရောက်လာခဲ့တယ်။
‘နီတျာ မနက်ဖြန် ငါ့ အရမ်းချစ်ရတဲ့ ချစ်သူလေးကို တောင်းတော့မယ်ဟ သိလား’
‘အင်း မြန်တယ်နော်’
‘အင်း နင် မနက်ဖြန် သေချာပြင်ဆင်ထားနော် ငါလာခေါ်မှာ ကြားလား နီတျာ’
‘ရဲရင့်ရယ် နင်မိန်းမတောင်းတာ ငါပါစရာ လိုလို့လားဟာ’
‘အင်း လိုတယ် နီတျာ သေချာမှတ်ထားနော် မနက်ဖြန် မနက် ၁၀ နာရီ သေချာပြင်ဆင်ထားနော်’
ရဲရင့်ရယ် ငါ့ကိုသာ သတ်သွားပါတော့ဟာ ခုတော့ နင် ငါ့ကို စိတ်ချသွားပြီပေါ့နော် သူငယ်ချင်း ဟုတ်သည် သူနှင့်ကျမ ဟာ
ခုလည်းသူငယ်ချင်း နောက်လည်း သူငယ်ချင်းပဲ ဖြစ်သွားတော့မည် ဖြစ်သည်။
‘နီတျာရေ သမီး အောက်မှာ ရဲရင့် တို့ ရောက်နေပြီနော်’
‘ဟုတ် မေမေ’
ကျမ သူ့ စိတ်တိုင်းကျ အလှပြင် နေမိတယ် နောက်မိနစ် အနည်းငယ်ဆို အဲ့ဒီသူငယ်ချင်းလေးကို ကျမ ဆုံးရှုံးရတော့မယ်လေ။
‘ဟော နီတျာ သမီး လာ’
‘ဟုတ် မေမေ’
ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ မေမေ ရယ် ဖေဖေ ရယ် ပြီးတော့ သူနဲ့ သူ့ မိဘတွေ------
‘ဟင် မေမေ နဲ့ ဖေဖေ လည်း ရဲရင့် မိန်းမတောင်းတာ လိုက်မလို့လား’
‘ဟားဟား’
ကျမ ကို ၀ိုင်းရယ်နေကြတဲ့ မိဘ တွေ ကြောင့် ကျမ ကြောင်တောင်တောင်ဖြစ်သွားရတယ်။ သူက တော့ ပြုံးနေလေရဲ့။
‘နီတျာ ငါ အချစ်ဆုံး မိန်းကလေးကို တောင်းမယ်ဆိုတာ နင်လေဟာ’
‘ဟင်’
‘ဟုတ်တယ် နီတျာ ငါ နင့်လောက် ဘယ်မိန်းကလေး ကိုမှ မချစ်တာ သေချာသွားပြီ’
‘ဟုတ်တယ် သမီးရေ သားက သမီးက လွဲရင် ဘယ်သူ့မှ လက်မထပ် နိုင်ပါဘူး တဲ့လေ အဲ့ဒါ သမီး ဘက်က လက်ခံပေးပါလို့ အန်တီတို့က လာတောင်းတာသမီးရေ’
ရဲရင့် ရယ်
လှိုက်ခနဲ ၀မ်းသာပြီး ၀ဲ တတ်လာတဲ့ မျက်ရည်တွေနဲ့ ငါ့မျက်လုံးတွေထဲကို နင်ဖတ်တတ်မယ်ဆိုရင်လေ ငါ ဖွင့်မပြောလည်း ငါ နင့်ကို
ဘယ်လောက်ချစ်တယ် ဆိုတာ နားလည်ပါတော့ဟာ။
Thaepon
အားလေး နည်းနည်းစိုက်ရင်
ReplyDeleteဒီထက်ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ် ...........။