Sunday, June 9, 2013

ဥပေက္ခာ ဒေ၀ီ




အချစ်များစွာကို ပြက်ရယ်ပြုခံရသည့်အခါ
ဂရုစိုက်မှုများစွာကို မထေမဲ့မြင်ပြုခံရသည့်အခါ
သတိယ ခြင်းများစွာကို ဥပေက္ခာနှင့် တုံ့ပြန်ခံရသည့်အခါ
နာကျင်ရပါသည်။
ဝမ်းနည်းသွားသော နှလုံးသားလေးအတွက်
ဖြေသိမ့်စရာစကားရှာမတွေ့ပါ
ရိုးသားစွာ ယုံကြည်မှုကို လှောင်ရယ်ဖို့ အခွင့်မပေးနိုင်ပါ
သင့်ကို မည်မျှ ချစ်မိသည် ဆိုခြင်းကို
သင့်ကို မည်မျှ ဥပေက္ခာ ပြုနိုင်သည် ဆိုသော
ထုထည်နှင့်
ကျွန်ုပ် တိုင်းတာပါမည်
သင်ပေးသော ဒဏ်ရာများစွာကို
ကျွန်ုပ် ကြည်ဖြူခဲ့သလို
ကျွန်ုပ်၏ ဥပေက္ခာတရားများစွာကိုလည်း
သင် ခံယူနိုင်လိမ့်မည်ဟု
ယုံကြည်ပါ၏။           


                                            Thaepon

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ