သူ
ကျမ ရဲ့ အာဒမ်
တဖတ်သတ်အတွေးတွေနဲ့
သူဟာ
ကျမ ရဲ့ အိပ်ယာနိုးစ ကော်ဖီတခွက်
ဖတ်လက်စ ကဗျာတပုဒ် ။
သူ
ကျမ ရဲ့ အာဒမ်
တဖတ်သတ်အတွေးတွေနဲ့
သူဟာ
ကျမ နှလုံးသားမှာ
အသက်ဝင်နေတယ်။
သူ
ကျမ ရဲ့ အာဒမ်
တဖတ်သတ်အတွေးတွေနဲ့
သူဟာ
မှော်ဆရာရဲ့ ကကြိုးလို
ကျမ ကို ညို့ငင်တယ်။
သူ
ကျမ ရဲ့ အာဒမ်
တဖတ်သတ်အတွေးတွေနဲ့
ကျမဟာ
သူသောက်နေကျ ကော်ဖီတခွက်
ဖြစ်ချင်တယ်။
သူ
ကျမ ရဲ့ အာဒမ်
တဖတ်သတ်အတွေးတွေနဲ့
ကျမဟာ
သူစာရေးနေကျ ဖောင်တိန်တချောင်းဖြစ်ချင်တယ်။
သူ
ကျမ ရဲ့ အာဒမ်
တဖတ်သတ်အတွေးတွေနဲ့
ကျမဟာ
သူ့ရဲ့ ကိုယ်စောင့် နတ်လေး ဖြစ်ချင်တယ်။
သူဟာ ကျမအတွက်
အိပ်ယာနိုးစ ကော်ဖီတခွက်လို လတ်ဆတ်တယ်
ဖတ်လက်စ ကဗျာတပုဒ်လို နုသစ်တယ်
မှော်ဆရာ ရဲ့ ကကြိုးလို ညို့ငင်တယ်
သူဟာ ကျမအတွက်
အာဒမ်ထက် အရင် မွေးဖွားလာသူ------------- ။
Thaepon

No comments:
Post a Comment