Sunday, June 9, 2013

ဗီဇာမဲ့ အကျဉ်းသား






မင်း ………..
ငါ့နှလုံးသား နယ်နိမိတ်ကို
ဗီဇာ မပါပဲ ဖြတ်လျှောက်သွားတယ်
တိုးဂိတ်ရဲ့ ပေါ့လျော့မှုလား
မြို့တံခါးကပဲ လျော့ရဲ နေခဲ့သလား?
သက်တမ်းတိုးစရာမလိုတဲ့ ဗီဇာနဲ့
မင်း ငါ့ရင်ခွင်မှာ ခိုးပြီး တွယ်ကပ် နေခဲ့တယ်
ငါ မသိလိုက်ခင်မှာ မင်းက
တော်တော်ကို အခြေခိုင် နေပြီလေ
သတိထားမိတဲ့ အချိန်မှာတော့
မင်းက ………..။

ငါ ဘယ်လို ဖယ်ရှားရမလဲ?
ဖယ်မရှားချင်တဲ့ ငါ့စိတ်က
အပြစ်လား !
ဗီဇာ မပါပဲ ၀င်ရောက်ခဲ့တဲ့ မင်းက အပြစ်လား!!!
သေချာတာတော့
မင်းက ငါ့ရင်ထဲက
ဗီဇာမဲ့ အကျဉ်းသား !!!!!!!!


                                 Thaepon

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ