ဖြစ်ပျက်သမျှ
အရာအားလုံးကို
Ctrl+Z ခေါက်ပြီး
ပြန်သိမ်းလို့မရပေမယ့်
မင်းမရှိတဲ့
ငါ့ပတ်ဝန်းကျင်က
ခြောက်သွေ့လွန်းလို့
ဘယ်လိုလုပ်ရမလဲ???
မင်းကိုလွမ်းလို့
ပန်းတစ်ပွင့်ကြွေရင်
ငါဟာ …….
ပန်းကြွေတောထဲက
အလွမ်းသူလေးပေါ့
အာရုံထဲကိုရောက်ရောက်လာတဲ့
မင်း ဟာ
တိတ်တိတ်လေးမလာပဲ
အလွမ်းတွေကို
ဆူညံစွာ ခေါ်ခဲ့
ငါ့ရင်တစ်ခုလုံး
အလွမ်းတွေဆော့ကစားလို့
မွစာကြဲနေလေရဲ့
….
ကြယ်ကြွေတိုင်းလည်းဆုတောင်းဖူးပါရဲ့
အတောင်းချင်ဆုံးဆု
တစ်ခုရှိလာမှ
ကြယ်တွေ မကြွေတော့တာ
ဘာကြောင့်လဲ
????
ငါ့ရင်ထဲက
ဆန္ဒလေး
မပျက်ပြယ်သရွေ့
ကြယ်မကြွေလည်း
ကိစ္စမရှိတာမို့
မျှော်လင့်သူရေ
…..
တိတ်တိတ်လေးလွမ်း
။ ။
Thaepon

ကြယ်ကြွေတိုင်းလည်းဆုတောင်းဖူးပါရဲ့
ReplyDeleteအတောင်းချင်ဆုံးဆု တစ်ခုရှိလာမှ
ကြယ်တွေ မကြွေတော့တာ
ဘာကြောင့်လဲ ????
ငါ့ရင်ထဲက ဆန္ဒလေး
မပျက်ပြယ်သရွေ့
ကြယ်မကြွေလည်း ကိစ္စမရှိတာမို့
ကြွေဘူးလေ သဲ ကြွေဖု့ဆုတောင်းနေတာ ဓူဝံကြယ်ကြီးလေ ......။