Sunday, June 9, 2013

နမ်းခွင့် တရှိုက်






ထားသွားမှာကြောက်တဲ့သူကိုမှ
သူထားသွားတယ်
ခွဲမသွားပါနဲ့ တောင်းပန်နေမှ
သူ ထွက်သွားတယ်
အလွမ်းနဲ့ကျန်ခဲ့သူရင်ထဲ
ပူလောင်ခြင်းက နေဆယ်စင်း မကပါ
အချစ်ကို မကိုးကွယ်ခဲ့ပေမယ့်
တင်းကျပ်စွာ ဆုပ်ကိုင်ထားချင်ပါတယ်
အချစ်ကို မရူးသွပ်ခဲ့ပေမယ့်
ရူးမတတ် ချစ်ခဲ့ပါတယ်
ရာသီစက်ဝန်းက
နာရီလိုလည်ပတ်နေပေမယ့်
ငါ့အလွမ်းတွေက
လှည့်ပတ်မသွားပဲ
အနားမှာရပ်ကျန်နေခဲ့တယ်
ကံကြမ္မာ အလှည့်ပေးလို့
နောက်တချိန်ဆုံခွင့်ရသေးရင်
မမြင်ဖူးသေးပေမယ့်
ချစ်ရတဲ့ မင်း ရဲ့
နှလုံးသားလေးကို
နမ်းရှိုက်ခွင့် ရချင်မိတယ် ချစ်သူ ။            ။

                                                                Thaepon

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ