Sunday, June 9, 2013

ကန့်လန့်ကာ၏ နောက်တွင်





မင်းပြေး ငါပြေး
ဘယ်လောက်ထိ ဝေးမလဲ
ဘ၀တွေ လောင်းကြေးထပ်
ကျိန်စာသင့် အတွေးတွေနဲ့
ဝေးဝေးပြေးလေ
နီးနီးလာလေ
နူးညံ့တယ် ညင်သာတယ်
အာရုံငါးပါးနဲ့ ကင်းလွတ်တယ်
တကယ်တမ်းလေ
ငါတို့ကြောက်တဲ့ အဲ့ဒီအရာက
ကန့်လန်ကာချထားလို့သာရယ်
ဇာတ်ရုံနောက်နဲ့ရှေ့
ရှင်သန်မှုခြင်း အတူတူပါပဲ
အလွှာပါးပါးလေးခြားထားတယ်
လှမ်းကြည့်ပေမယ့် မမြင်ရဘူး
ကြီးကျယ်ခမ်းနားမှုတွေ ရဲ့အဆုံး
ပင်ပန်းဆင်းရဲမှုတွေရဲ့နားရာ
ဘ၀တွေ လောင်းကြေးထပ်ထားတဲ့ အဲ့နေရာက
“သေခြင်းတရား”
ကန့်လန့်ကာနောက် မရောက်အောင်လို့
မင်းကြိုးစားပြေးလည်း
ပြေးသလောက်နီးနီးလာမယ်
တကယ်တော့လေ
ကြောက်နေလို့သာ
အခြားတဖက်မှာ မင်းရင်ဆိုင်ရမှာက
ဒီလောဘ ဒီအတ္တ နဲ့ ဒီဒေါသ တွေပါပဲ
ဒီတော့ သူငယ်ချင်းရေ
ဖြေးဖြေးမှန်မှန်သာလျှောက်
အမှားမကင်းတဲ့ ဒီလောကထဲမှာ
ဖြစ်နိုင်သလောက် နည်းအောင်နေ
ကန့်လန်ကာကို ဖြတ်လျှောက်ချိန်မှာ
လေးလံမနေနိုင်
လျှော့သင့်တာကိုလျှော့ချထား
တကယ်တော့လေ
တို့ဘ၀က
နိဗ္ဗာန်မရောက်မီစပ်ကြားမှာ
ဒုံရင်းပါပဲကွာ

                                             Thaepon

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ