Sunday, June 9, 2013

ကျမ ၏ အကြင်သူသည်




 


ကျမ ဘ၀၏ နေ့စွဲ များစွာကို

သိမ်းပိုက်ဖူးသော ထိုသူအတွက်

အချစ် အစစ် ကိုသာ အသုံးပြုခဲ့သောကြောင့်

စစ်မှန်သောအချစ်ကိုသာ ပြန်လည် မျှော်လင့်ခဲ့ပါသည်………….

ကျမ မြတ်နိုးစွာ ခုံမင်ခဲ့ဖူးသော

နာမ်စားတခုကို ထိုသူသည်

အခြားတယောက်အတွက် 

ယူငင်သုံးစွဲသောအခါ

ကျမ မြတ်နိုးခုံမင်မိသော 

၎င်းနာမ်စားလေးသည် 

ကျမ၏ နှလုံးသားမှ

 ပြေးထွက်သွားလေတော့သည်……………

ကျမ ရူးသွပ်စွာ တွယ်တာမိသော

အကြင်သူသည်

ကျမ၏ မေတ္တာတရားကို 

ပျက်ရယ်ပြုသောကြောင့်

ဘယ်သောအခါမှ ခွင့်မလွှတ် နိုင်ပါလေ………………. 

                                                                            Thaepon

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ