Sunday, June 9, 2013

သခင်




တခုသော နေ့ရက်မှာ
ငါ့ကိုငါ ပျောက်ဆုံးသွားခဲ့တယ်
ငါဟာ ငါမဟုတ်တော့သလို
တစုံတဦးရဲ့ စကားလုံးတွေအောက်မှာ ငါဟာကျဆုံးခဲ့ရတယ်။                 
သူဟာ ငါ့ အတွက်တော့ 
ဧကရာဇ်တပါးပါပဲ။              
သူ့ရဲ့ အမိန့်ကို ငါ မလွန်ဆန်နိုင်ခဲ့ သလို 
သူ့ရဲ့ စကားလုံးတွေကို တော်လှန်ဖို့အင်အားမရှိခဲ့ဘူး
ငါ့ရဲ့ မာနတွေဟာ
သူ့စကားလုံးတွေအောက်မှာ ခမ်းနားစွာကျဆုံးခဲ့ သလို
ငါ့ အတ္တတွေကိုလည်း ငါကိုယ်တိုင်မီးသဂြိုလ်ခဲ့တယ်
တနေ့မှာ ပိုင်ဆိုင်လိမ့်နိုးဆိုတဲ့ အတွေးနဲ့ပေါ့
ငါနှစ်သက်ခဲ့ တဲ့ မျက်ဝန်းတွေ
ငါနာခံရာ စကားလုံးတွေ ထွက်ကျလာတဲ့ နှုတ်ခမ်းလေး
ငါ့ကို ဖမ်းစားနိုင်တဲ့ စိတ်ဝိညာဉ်လေး
ငါပိုင်ချင်ခဲ့ ပါတယ်
ဒါပေမယ့်
 
ငါပိုင်ခဲ့ တာက
အရှုံး******
                                 Thaepon

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ