Sunday, June 9, 2013

အချစ်ပျိုးသူ




မင်းဘက်ကတော့ ကျီစားတာပေါ့
ငါကတော့ ရင်တစ်ခုလုံးနာကျင်ရပါတယ် ချစ်သူ…….
မင်းဘက်ကတော့ ပါးပါးလေးပါပေါ့
ငါကတော့ မျက်ရည်အိုင်ထွန်းအောင် ငိုခဲ့ရပါတယ်
မင်းဘက်ကတော့ ချစ်လို့ပါပေါ့
ငါကတော့ နှလုံးသားတစ်ခုလုံး စုတ်ပြတ်သွားခဲ့ပါတယ်
ချစ်လို့ ကျီစားလည်း
ခံစားရတဲ့သူက ရင်တစ်ခုလုံးရင်းရပါတယ် ချစ်သူ
ကိုယ်ချင်းစာတတ်ရင်
နည်းနည်းတော့ ငဲ့ကြည့်ပေးပါဦး
ကိုယ်တိုင်ပျိုးထားတဲ့ အပင်ကို
ကိုယ်တိုင်နှုတ်ပစ်ဖို့ ခက်ခဲတဲ့
ပန်းပျိုးသူလို
ရင်ထဲကိုနစ်ဝင်နေတဲ့
အချစ်ကို ဖျက်သိမ်းဖို့ ခက်ခဲ့တဲ့
ငါ့အဖြစ်ကို
အချစ်ပျိုးသူလို့ ဆိုနိုင်မလား
ကိုယ်တိုင်ပျိုးထားတဲ့ အခင်း
အဆိပ်ဖြစ်လည်း
မပစ်ရက်တာကြောင့်
ငါကတော့ ---
ရွေးထားတဲ့လမ်းကို ဆက်လျှောက်မယ်
ကြင်သူ မပါတဲ့လမ်း
အေးစက်နေပေမယ့်
တနေ့နေ့ဆိုတဲ့ အတွေးနဲ့
ခနတွင်းချင်း နွေးထွေးသွားပါတယ်ဆို
မင်း…. ယုံမလား !!
မင်းအတွက်
အချစ်တစ်ခင်း
ငါပျိုးထားတယ်
နှုတ်ပစ်ချင်လည်းနှုတ်ပစ်လိုက်ပါ
မင်းပန်ဆင်ရင်ကြည်နူးမှာပေါ့
နှုတ်လည်းမပစ် မပန်ဆင်ပဲ
ဒီတိုင်းတော့ ပစ်မထားပါနဲ့
ထုံကျင်နေတဲ့နှလုံးသားကို
နာကျင်မှုပဲဖြစ်ဖြစ်
ကြည်နူးညင်သာမှုလေးပဲဖြစ်ဖြစ်
ခံစားခွင့်ပေးပါ
နေရတာ…………
အနေခက်နေလို့
ချစ်သူ နားလည်နော်။               

                                      Thaepon

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ