Sunday, June 9, 2013

ချစ်ရင်

စောင့်နေဆဲပါ ချစ်သူ 
ထားခဲ့မှာကို သေချာသိပေမယ့် 
ပြန်လာမယ်လို့ ထင်နေမိတဲ့ ရင်ကို 
ဘယ်လို စကားနဲ့နှစ်သိမ့် ရမလဲ-------?
စကားလုံးပေါင်းများစွာ နဲ့
ချစ်တဲ့အကြောင်းတွေပြောခဲ့တဲ့ 
မင်းရဲ့ အချစ်က 
စကားသံတွေ ဆွံ့အ နေတဲ့ငါ့ရဲ့အချစ်နဲ့
သိပ်သည်းဆတွေ အများကြီး ခြားနားနေတယ် ဆိုတာကို ငါသိခဲ့တယ်။                  
မင်းနားမှာ ငါ့အပြင် တစ်ခြားမရှိခင်က 
ချစ်တယ် ဆိုတဲ့ စကားကို ကြားဖို့ ခဲယဉ်းခဲ့ပေမယ့်
မင်းဆီက ချစ်တယ် ဆိုတဲ့ စကားခဏခဏကြား
တခြားသူ မင်းမှာ ရှိနေပြီမှန်း ငါသိခဲ့ရတယ် ချစ်သူ
 
မင်း ငါ့ကို တကယ်ချစ်ရင် 
ငါ့ကို ပြောခဲ့ တဲ့ ချစ်တဲ့ စကား
ရင်ထဲမှာ သော့ခတ်ထား
လူအများကြား ထုတ်မပြပါနဲ့ ချစ်သူ ။                           
 
 
                                                                                         Thaepon

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ