Sunday, June 9, 2013

အဖြူထည်




တကယ့်အဖြူရောင်လေးပါ
ဆေးမဆိုးရသေးတဲ့ ချည်သားအဖြူလို
ဆေးမတင်ရသေးတဲ့ ကင်းဗတ်စ် တစလို
မိုးသားမရှိတဲ့ တိမ်မျှင်တန်းလေးလို
သူနဲ့ငါ့ကြား
နားလည်မှုဘာသာဗေဒတွေနဲ့
တခြားစကားလုံးတွေ မလိုအပ်ခဲ့ဘူး
ဖြူစင်မှုတွေနဲ့
တစ်ယောက်နဲ့တစ်ယောက်
ကြင်နာကြတယ်
ဂရုစိုက်ကြတယ်
ဖေးမကြတယ်
ပြီးတော့
စိတ်ပူကြတယ်
သူများတွေထက် ချစ်ခဲ့ကြတယ်
ဒါပေမယ့်
သူနဲ့ငါ့ကြား စကားတခွန်း
မပြောဖြစ်ခဲ့ကြပါဘူး
သူမပြောသလို
ငါကလည်း မဖြေခဲ့ရဘူး
ဒါပေမယ့်
ချစ်နိုင်တာထက် ပိုခဲ့ကြတယ်
နှစ်ယောက်လုံးအတွက်
တစ်ယောက်ရဲ့ပျော်ရွှင်မှုက ပိုအရေးကြီးခဲ့ကြတယ်
ဘယ်သူဘာပြောမလဲ
ငါတို့ရဲ့ ချစ်ခြင်း အပြစ်ကင်းပါတယ် 


                        Thaepon

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ